(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကရာတေးဒိုပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး
မြစ်ကြီးနား ဇန်နဝါရီ ၂ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ကချင်ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ် လျက်ရှိရာ ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီတွင် မနောမြေမိုးလုံလေလုံအားကစားခန်းမ၌ ကရာတေးဒိုပြိုင်ပွဲကျင်းပနေမှုူကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။ ကရာတေးဒိုပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင် တာဝန်ရှိသူများက ကရာတေးဒိုအဖွဲ့ ဒိုင်ချုပ်နှင့် နည်းပြများ၏ အတိုက်ပြိုင်ပွဲဖြင့် သရုပ်ပြ ကစားပြသမှုနှင့် အသက်(၁၂)နှစ်အောက် အမျိုးသမီးပြိုင်ပွဲ၊ အသက် (၁၂)နှစ်နှင့် အထက် ကျား၊မ ပြိုင်ပွဲ ကရားတေးဒိုပြိုင်ပွဲများကို ကျင်းပပြုလုပ်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ဒိုင်အဖွဲ့နှင့် သရုပ်ပြအဖွဲ့များအတွက် ချီးမြှင့်ငွေများကို…