ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဘာသာရေးအဖွဲ့အစည်းများထံ ခရစ္စမတ်ဂါဝရပြုလက်ဆောင်များ သွားရောက်ပေးအပ်လှူဒါန်း

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း ပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဘာသာရေးအဖွဲ့အစည်းများထံ ခရစ္စမတ်ဂါဝရပြုလက်ဆောင်များ သွားရောက်ပေးအပ်လှူဒါန်း

မြစ်ကြီးနား     ဒီဇင်ဘာ ၂၈

          ၂၀၂၁ ခုနှစ် ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံအားကစားခန်းမ၌ ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန် နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်အားပေးကြသည်။

          အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲကို တိုင်းဒေသကြီး/ ပြည် နယ်အေးရိုးဗစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြည်နယ်အဆင့် ကြိုတင်ကျင်းပပြု လုပ်ခြင်းဖြစ်ကာ ပြည်နယ်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဗန်းမော်နှင့် ပူတာအိုခရိုင်တို့မှ ပြိုင်ပွဲ ဝင်ကစားသမားများက တစ်ဦးချင်းစိတ်ကြိုက် စွမ်းရည်ပြယှဉ်ပြိုင်ကစားခြင်းနှင့် အခြေခံစနစ်သစ် (၅)ယောက်တွဲနှင့် အဆင့်မြှင့်စနစ် (၃)ယောက်တွဲ ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ထို့နောက် ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာတွင် (၁)ဦးချင်း ပထမ၊ ဒုတိယ၊တတိယဆုရသူများအား ပြည်နယ်လူမှုရေးဝန်ကြီးကလည်းကောင်း၊ အဆင့်မြှင့်စနစ် (၃) ယောက်တွဲ ပထမ၊ ဒုတိယနှင့် တတိယဆုများအား ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီ နာယကအဖွဲ့ဝင်များက လည်းကောင်း၊ အခြေခံစနစ်သစ် (၅)ယောက်တွဲပြိုင်ပွဲတွင် ဆုရအသင်း အား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ်တို့က ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြပြီး တံခွန်စိုက်ဒိုင်းဆုရ မြစ်ကြီးနားခရိုင်အသင်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်းတို့က တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေကျပ် (၃)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြ သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ဆစ်ဘုရားကျောင်းတွင် ဘာသာရေးခေါင်းဆောင်များနှင့် သွားရောက်တွေ့ဆုံကာ ခရစ္စမတ်ဂါဝရပြု လက်ဆောင်များ လှူ ဒါန်းပေးအပ်ခြင်းနှင့် ဆုတောင်းမေတ္တာပို့သပေးမှုများကို ခံယူခဲ့ကြပြီး အလားတူ မင်းရပ်ရပ်ကွက်ရှိ မင်းရပ်ဗဟိုဗလီကြီး၌ လည်းကောင်း၊ ရှမ်းစုမြောက်ရပ်ကွက်ရှိ သီရိရာမ ဂျက်နကီဟိန္ဒူဘုရား ကျောင်း၌ လည်းကောင်း၊ ရမ်ပူရပ်ကွက်ရှိ သီရိရာဒကစ္စနားဟိန္ဒူဘုရားကျောင်း၌ ဘာသာရေး ခေါင်းဆောင်များထံ သွားရောက်တွေ့ဆုံပြီး ခရစ္စမတ်ဂါဝရပြုလက်ဆောင်များ ပေးအပ်လှူဒါန်း ကာ ဆုတောင်းမေတ္တာပို့သမှုများကို ခံယူခဲ့ကြသည်။