ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အား အောင်နိုင်ရေးအလံပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့်ပြည်နယ်အသက်(၂၅)နှစ်အောက်အမျိုးသမီး ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အား အောင်နိုင်ရေးအလံပေးအပ်

မြစ်ကြီးနား     ဇန်နဝါရီ ၁

          တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်းအား အောင်နိုင် ရေးအလံပေးအပ်ပွဲနှင့် အောင်နိုင်ရေးအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူး ဦးအောင်သူက ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်း ဝင်ရောက်ယှဉ် ပြိုင်နိုင်ရေးအတွက် အုပ်ချုပ်/ထောက်ပံ့မှုဆိုင်ရာများ စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို လည်းကောင်း၊ အသင်းအုပ်ချုပ်သူ ဒေါ်ခင်မိုးသဲက အောင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ခဲ့မှု အခြေအနေများကို လည်းကောင်းရှင်းလင်းတင်ပြကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်း အနေဖြင့် ပြိုင်ပွဲမှတစ်ဆင့် အတွေ့အကြုံကောင်း၊ သင်ခန်းကောင်းတွေ ဖော်ထုတ်ရယူခဲ့ကြရန် လိုကြောင်း၊ အားကစားသမားကောင်း စိတ်ဓာတ်ဖြင့် တရားမျှတသန့်ရှင်းစွာ ယှဉ်ပြိုင်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြင့်တင်နိုင်သည့် အားကစားချစ်ကြည်ရေးသံတမန်ကောင်း တာဝန်ကို ကျေပွန်ခဲ့ကြရန် လိုကြောင်း၊ ထို့အပြင် အားကစားနှင့်ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်သည့် အားကစားသူရဲကောင်းများအဖြစ် သမိုင်း မော်ကွန်းရေးထိုးခဲ့ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ပြည်နယ်လက်ရွေးစင် U-25 အမျိုးသမီးဘောလုံးအသင်း အောင်နိုင်ရေးအတွက် ပံ့ပိုးကူညီလှူဒါန်းပေးကြသည့် အလှူရှင်များ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး U-25 အမျိုးသမီးဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံကို အသင်းအုပ်ချုပ်သူများထံ ပေးအပ်ခဲ့သည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနားတွင်  ဆင်ယင်ပြသသွားမည့် ပြည်နယ်၏ အထင်ကရနေရာများ၊ ထုတ်ကုန်များနှင့် ရိုးရာဓလေ့ထုံးစံများအား မော်တော်ယာဉ် (၃)စီးဖြင့် အလှဆင်၍ ပါဝင်ပြသ နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များအပေါ် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။