ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေး၊ လေဆိပ်ရှေ့ပန်းခြံဆောင်ရွက် နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်းဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ရေစင်ကွင်းဈေး၊ လေဆိပ်ရှေ့ပန်းခြံဆောင်ရွက် နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်းဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၄

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစင်ကွင်းဈေး အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေး၊ လေဆိပ်ရှေ့ပန်းခြံ ဆောင်ရွက်နေမှုနှင့် အေးမြသာယာဈေး၌ ညဈေးတန်း ဖွင့်လှစ်ရောင်းချနိုင်ရေးတို့အတွက် ဒီဇင်ဘာ ၂၄ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရေစင်ကွင်းဈေး အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက် ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ရေစင်ကွင်းဈေးအား မြို့အင်္ဂါရပ်နှင့်အညီ  ဈေးရောင်း/ ဈေးဝယ်များ စနစ်တကျဖြင့် ရောင်း/ဝယ်မှု ဆောင်ရွက်နိုင်ရေး၊ ယာဉ်ကြီးယာဉ်ငယ်များ ပိတ်စို့ရပ်တန့်မှု မဖြစ်ပေါ်စေရေးတို့ အတွက်ကြီးမားကျယ်ပြန့်သည့် ကားပါကင်ပါသည့် အဆောက်အဦအဖြစ် အဆင့်မြှင့်တင်ဆောက် လုပ်သွားနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ပြဖွံ့ဖြိုးလာမှုနှင့်အတူ ရေရှည်အတွက် မျှော်မှန်းဆောင်ရွက်သွားရေး၊ မြေပြင်အခြေအနေကို ကွင်းဆင်းတိုင်းတာစစ်ဆေး ၍ ပြန်လည်စိစစ်တင်ပြနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ကျောက်စိမ်းတုံး မီးပွိုင့် ပန်းခြံ၌ ခရစ္စမတ်လအထိမ်းအမှတ်အဖြစ် LED ပြဘုတ်ဖြင့် အများပြည်သူကြည့်ရှုနိုင်ရေး ပြသဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အများမြင်နိုင်သည့် နေရာတွင် ပြသနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားလေဆိပ်ရှေ့ ပန်းခြံအတွင်း အလှပန်းပင်များ၊ မြေယာရှုခင်းများနှင့် မီးတိုင်များ ဆောင်ရွက်ထားရှိမှုအခြေအနေကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်နိုင်ရေးနှင့်  (၇၅)နှစ်မြောက် ပြည် ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လေဆိပ်ရှေ့ပန်းခြံအား ဖွင့်လှစ်နိုင်ရေး မှာကြားခဲ့ပြီး မြို့သစ်ရပ်ကွက် အေးမြသာယာဈေး၌ ညနေတန်းဖွင့်လှစ်ရောင်းချနိုင်ရေးနှင့် ဆိုင်ခန်းများ ဖွင့် လှစ်ရောင်းချမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ညဈေးတန်းဖွင့်လှစ်နိုင်ရေး အတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ပြည်နယ်တရား လွှတ်တော်၏တရားရေးမိသားစုများ၏ စုပေါင်းခရစ္စမတ်ပွဲတော်ဝတ်ပြုဆုတောင်းပွဲနှင့် ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဝန်ထမ်းမိသားစုများ ခရစ္စမတ်ပွဲတော်ဝတ်ပြုဆုတောင်း ပွဲများသို့ တက်ရောက် အားပေးခဲ့ကြပြီး ခရစ္စမတ်ပွဲတော်ဝတ်ပြုခြင်းအစီအစဉ်များတွင် ပါဝင်ကာ ဆုတောင်းဆက်ကပ်ခဲ့ကြသည်။