ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ် ဥပဒေချုပ်ရုံး မိသားစုများ၏ ခရစ္စမတ်ပွဲတော်များသို့ တက်ရောက်အားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက မြစ်ကြီးနားတက္ကသိုလ်နှင့် ပြည်နယ် ဥပဒေချုပ်ရုံး မိသားစုများ၏ ခရစ္စမတ်ပွဲတော်များသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဒီဇင်ဘာ ၂၃

          ကချင်ပြည်နယ်အတွင်း ခရစ်တော်၏ မွေးနေ့ကာလတွင် ဘုရားကျောင်းများ၊ ရုံးအဖွဲ့အ အစည်းများတွင် ခရစ္စမတ်နေ့အထိမ်းအမှတ် ပွဲတော်များကို ကျင်းပလျက်ရှိရာ ပြည်နယ်ဝန်ကြီး ချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဒီဇင်ဘာ ၂၂ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ရှေ့၌ ကျင်းပပြုလုပ်သော ခရစ္စမတ်ပွဲတော် ဝတ်ပြုစုတောင်းခြင်း အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

          မြစ်ကြီးနားတက္ကသိုလ် ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်း အခမ်းအ နားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာကြီးများနှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဘာသာရပ်အလိုက်ပါမောက္ခများ၊ ဝန်ထမ်းများတက်ရောက်ကြပြီး အခမ်း အနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ခရစ္စမတ်ပွဲတော်အတွက် ဆုတောင်းဆက်ကပ်ခြင်း၊ ဓမ္မတေးသီချင်းများ သီဆိုချီးမွမ်းခြင်း၊ ပြည့်စုံဆုတောင်းခြင်း၊  ဘုန်းတော်ကြီး ကင်နွန်အာဗြာဟမ် ဇော်ခေါင်ကခရစ္စမတ်ဒေသနာတော်ဟောကြားရာ ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက ကျေးဇူး တင်စကားပြောကြားပြီး ဘုန်းတော်ကြီး ကွမ်ရှင်းဇော်နန်က ကောင်းချီး တောင်းခံပေးခဲ့ကြပြီး ခရစ္စမတ်ညစာကို အတူတကွသုံးဆောင်ခဲ့ကြသည်။

          အလားတူ ဒီဇင်ဘာ ၂၃ ရက် မွန်းလွဲ ၃ နာရီတွင် ကချင်ပြည်နယ်ဥပဒေချုပ်ရုံး၏ ပြည်နယ် ခရိုင်၊ မြို့နယ်ဥပဒေရုံး မိသားစုများ၏ ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းခြင်း အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ်ရုံး မိသားစုများနှင့်အတူ ဝတ်ပြု ဆုတောင်းခြင်း အစီအစဉ်တွင် ပါဝင်ခဲ့ကြကာ ခရစ္စမတ်ပွဲတော် အထိမ်းအမှတ် ညနေစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရှိရသည်။