ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ စက်မှု၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်တန်း စာမေးပွဲနောက်ဆုံးနေ့ ဘာသာရပ်အလိုက် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မတ် ၁၈ ကချင်ပြည်နယ်အတွင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ကျင်းပပြု လုပ်နိုင်ခဲ့ပြီး စက်မှု၊ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ဝင်တန်း စာမေးပွဲကိုလည်း စာစစ်ဌာန(၃)ခုဖွင့်လှစ်၍ ဘာသာရပ်အလိုက် ဖြေဆိုလျက်ရှိရာ ယနေ့စာမေးပွဲ နောက်ဆုံးနေ့အဖြစ် မြစ်ကြီးနားမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိသူများနှင့်အတူ အစိုးရနည်းပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ကျောင်းသား/ ကျောင်းသူများအေးချမ်းစွာဖြေဆိုနိုင်ရေး ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများ၊ စာစစ်ဌာနအတွင်း ကျန်းမာရေးစောင့်ရှောက်မှုဆေးပေးခန်းဖွင့်လှစ် ဆောင်ရွက်နေမှု၊ ကြီးကြပ်ရေးမှူးရုံးခန်းတို့၌ စာမေးပွဲလုပ်ငန်းစဉ်များအတိုင်း ကြပ်မတ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ …