ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုကို ကာကွယ်နိုင်ရေး ရေကြည်ချောင်း ရေထိန်းတံခါး တည်ဆောက်နေမှုနှင့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မတ် ၄ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် မြစ်ရေနှင့်ထိစပ်သည့် မြို့ဧရိယာတစ်လျှောက် ကမ်းထိန်းတမံ၊ ကျောက်စီရေထိန်း နံရံများနှင့် ရေထိန်းတံခါးများကို တည်ဆောက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရေကြည်ချောင်း ရေထိန်းတံခါးတည်ဆောက်နေမှုနှင့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ရေမြင့်တက်လာပါက စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီ မီတာအောက် ၉၅၀ စင်တီမီတာအထက်တွင် ရေဝင်ရောက်လေ့ရှိပြီး မြို့အနိမ့်ပိုင်းနေရာဖြစ်သည့် ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ ရေကြည်ချောင်းပေါက်နေရာ၌ ကချင် ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၈၆၄၀ ဒဿမ ၀၀၀)သန်းဖြင့် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက…