ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကျပ် သန်း(၇၀၀၀)ကျော်ကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးအပ်
မြစ်ကြီးနား အောက်တိုဘာ ၂၅ ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကျပ်သန်း (၇၀၀၀)ကျော်အား သက်ဆိုင်ရာဌာန များသို့ လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားကို အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဌာန (၄)ခုအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စုစုပေါင်း ရန်ပုံငွေကျပ်သန်း (၇၀၃၀)ကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း၊ ကျန်ရှိသည့် ရန်ပုံငွေများကို လည်း လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ ဆက်လက်မတည်ရင်းနှီးပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံ့ဘဏ္ဍာရန်ပုံငွေများ အလေအလွင့် မဖြစ်စေရေး၊ ဘဏ္ဍာငွေများကို လုပ်ထုံး၊…