ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် နေရပ်စွန့်ခွာပြည်သူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၃၀ ကချင်ပြည်နယ်အတွင်း ပန်းခင်းစီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ်အဆင့် ပန်းခင်း စီမံချက်အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီး ချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ပြည်နယ်အတွင်း ဥပဒေအရ နိုင်ငံသား များအား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ပန်းခင်း စီမံချက်ကို အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ၃၆ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ် ပါကြောင်း၊ စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးရေးအတွက် အသင်း အဖွဲ့အသီးသီးနှင့်…