နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ မြစ်ကြီးနားမြို့၌ လီဆူတိုင်းရင်းသားများနှင့်တွေ့ဆုံမြို့တွင်းလှည့်လည်စစ်ဆေး
မြစ်ကြီးနား ဇန်နဝါရီ ၉ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦး Jang Phang နော်တောင်၊ ဦးရွှေကြိမ်း၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်နှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့သို့ အထူးလေယာဥ်ဖြင့် ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများက ကြိုဆိုကြသည်။ ထို့နောက် မလိခရိပ်သာဧည့်ခန်းမဆောင်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကြိုဆိုနှုတ်ခွန်းဆက်စကား…