ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်အားပေး
မြစ်ကြီးနား မေ ၅ (၇၆)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ်အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ မေ ၅ ရက် နံနက် ၉ နာရီ ကကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးတို့က တက်ရောက်အားပေးခဲ့ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်သမား ကောင်းတစ်ဦးတွင် ရှိရမည့် ခိုင်မာတည်ကြည်ရဲဝံ့စွန့်စားသည့် စိတ်ဓာတ်၊ အတွေ့အကြုံရင့်ကျက်ပြီး နည်းပညာကြွယ်ဝမှုရှိစေရေး ကြိုးစားဆောင်ရွက်သွားရန်၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေ သည့် မီးသတ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ်လေ့လာဆည်းပူးပြီး မိမိတို့ နိုင်ငံသားများ အတွက် ပြန်လည်အသုံးချနိုင်ရေး ကြိုးစားအားထုတ်ရန်၊ မိမိတို့ နိုင်ငံသားများကို မီးဘေးလုံခြုံရေး ဆိုင်ရာလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ လုပ်ငန်းများဖြင့် အလုပ်အကျွေးပြုရာတွင် ရောင့်ရဲ တင်းတိမ်စိတ်မထားဘဲ လိုအပ်ချက်မရှိအောင်စွမ်းဆောင်ကြရန်၊ အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့လာ နိုင်သည့်…