ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ
မြစ်ကြီးနား မေ ၂၉ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌမှ ကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ် အထက်မြန်မာပြည်မှ ဦးဆောင်ကျင်းပသည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို မေ ၂၈ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တွဲဆိုင်းအလိုက် ဆုချီးမြှင့်ငွေ များနှင့် အကောင်းဆုံးလက်ဝှေ့ကစားသမားဆုတို့ကို ပေးအပ်ချီးမြှင့်ခဲ့သည်။ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးနှင့် မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ ချုပ်(အထက်မြန်မာပြည်)ဥက္ကဋ္ဌ ဦးကျော်မင်းခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံအတွင်းရှိ ရိုးရာလက်ဝှေ့ကလပ် (၈)ခု တို့မှ ကစားသမားများပါဝင်ခဲ့ကြပြီး ရွှေခါးပတ်ချန်ပီယံ၊ ဂျပန်ဘုရင့်ဖလားဆုရ၊ ဆီးဂိမ်းလက်ရွေးစင် ဗျဂ္ဃ(ကျားဖြူကလပ်)နှင့်ရွှေခါးပတ်ချန်ပီယံစောမင်းနိုင်(ရွှေဖလားကလပ်၊မွန်ပြည်နယ်)တို့ တွဲဆိုင်းအပါ အဝင် အမျိုးသားတွဲဆိုင်း (၁၃)ဆိုင်းနှင့် ရွှေစွန်ညို(ရိုးရာမာန်ကလပ်)နှင့် လထော်(မြစ်ကြီးနားကလပ် ဆိုင်းတောင်) အမျိုးသမီးတွဲဆိုင်း(၁)ဆိုင်းတို့၏ ယှဉ်ပြိုင်ထိုးသတ်ကြမှုကို…