ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြည်နယ်လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်နေမှုကို သွားရောက်ကြည့်ရှုအားပေး
မြစ်ကြီးနား ဇူလိုင် ၉ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း ပြည်နယ် လက်ရွေးစင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်း လေ့ကျင့်နေမှုကို ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲတွင် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ အသက်(၂၅)နှစ်အောက် ခရိုင်ပေါင်းစုံအမျိုးသမီးဘောလုံးပြိုင်ပွဲကို ပြည်နယ်ပြည်သူ့အား ကစားကွင်းအတွင်း၌ ဇွန် ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဘောလုံးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်ရန် လူရွေးခဲ့ရာ အဆိုပါ လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ စခန်းသွင်းလေ့ကျင့်ပေးလျက် ရှိရာ လက်ရွေးစင်အသင်းဟောင်းနှင့် ယှဉ်ပြိုင်လေ့ကျင့်ကစားနေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အမျိုးသမီးအဖွဲ့ အားကစားဆပ်ကော်မတီနယက၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ဇနီးဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြသည်။…