ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပရဟိတဘာသာရေးကျောင်းများနှင့် မိဘမဲ့ဂေဟာ(၄၂)ခုတို့အတွက် အခြေခံစားသောက်ကုန်၊ဆေးဝါးများထောက်ပံ့ခြင်းနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအား သီးသန့်ထားနိုင်ရေး ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၂၀ ကချင်ပြည်နယ်စီမံ့အုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းမြင့်မားလာသည့် အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနားမြို့နယ်အား ပါဝင်လာပြီးနောက် မြို့နယ်အတွင်းရှိ စားသောက်မှုအခက်အခဲရှိသော ပရဟိတဘာသာရေးကျောင်း(၃၄)ကျောင်းနှင့် မိဘမဲ့ဂေဟာ (၈)ခုတို့ အတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခြင်းနှင့် ကိုဗစ် – ၁၉ အတည်ပြုလူနာများအား သီးသန့်ထားရှိနိုင်ရေးအတွက်နေရာများ ပြင်ဆင်ဆောင်ရွက်နိုင်ရေး ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် တပ်မ တော်အရာရှိကြီးများက ကချင်ပြည်နယ်ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ကြို တင်ပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ အောက်ဆီဂျင်လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ပြည်သူများအား…