ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖွင့်လှစ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဏ္ဍပ်အပါအဝင် တပ်နယ်ရေကစားမဏ္ဍပ်များအား ကြည့်ရှုအားပေး၊ မဟာသင်္ကြန်အကျနေ့တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်များတွင် ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိ
မြစ်ကြီးနား ဧပြီ ၁၄ ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့၌ ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို (သင်္ကြန်အကျနေ့) ယနေ့ နံနက် ၉ နာရီက လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ လမ်းလျှောက်သင်္ကြန် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဒေသခံပြည်သူအများအပြား ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။ အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့မှ ဆမားလမ်းဆုံ(ကျောက်စိမ်းတုံးမီးပွိုင့်) အထိ အရှည်ပေ ၉၀၀ ကျော်အတွင်း ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ယိမ်းအကအဖွဲ့ များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်၊…