ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်းရှိ ရှရီဂျဂနာဿ် ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ကချင်ပြည် နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး၊ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီလုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ရွှေအိုက်ရပ်ကွက်အတွင်း ယာဉ်ရပ်နားစခန်းတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား နိုဝင်ဘာ ၂၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း အပြည်ပြည်ဆိုင်ရာကိရိသျှဏ အနုဿတိအသင်း(မြန်မာ)က မူလကျောင်းတော် ယိုယွင်းပျက်ဆီးမှုအား ပြန်လည်ပြုပြင်၍ ခန့်ညားထည်ဝါစွာ တည်ဆောက်ခဲ့သည့် ရှရီဂျဂနဿ် ဘုရားကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါဘုရားကျောင်းသစ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ဘုရားကျောင်းဆောင်သစ်ရှေ့၌ ဘာသာရေးအဖွဲ့အစည်း အသီးသီးခေါင်းဆောင်များ၊ ဘုရားကျောင်းဂေါပကအဖွဲ့ဝင်များနှင့် ဘာသာဝင်များက ရိုးရာအစဉ်အလာနှင့်အညီ ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး ဘုရားကျောင်း ဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Rhakur ၊ အန္ဒိယဘုန်းတော်ကြီးများနှင့် ဂေါပကအဖွဲ့ဝင်များက ရှရီဂျာဂနဿ် ဘုရားရှိခိုးကျောင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဘုရားကျောင်းအတွင်း ၎င်းတို့၏…