ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပသည့် ပြည်နယ်တရားလွှတ်တော်၏ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်(Court-Led Mediation) အသိပညာပေးဆွေးနွေးပွဲ၊ (၁၁)ကြိမ်မြောက်ကချင်ပြည်နယ် လီဆူခရစ်ယာန်အသင်းတော်များ လူငယ်အားကစားပွဲတော်နှင့် တွေ့ဆုံပွဲများသို့ တက်ရောက်
မြစ်ကြီးနား ဒီဇင်ဘာ ၁၂ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ တတိယနှစ် မဟာဗျူဟာလုပ်ငန်းအစီအစဉ် (၂၀၂၅)၊ မဟာဗျူဟာအစီအစဉ် ၅.၃.၁ အရ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်အား နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ “တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် (Court – Led Mediation)နှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနား တက္ကသိုလ်ဗဟိုခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က Justice Delay is Justice Denied ဆိုသည့်အတိုင်း နှောင့်နှေးကြန့်ကြာမှုများသည် တရားမျှတမှုကိုဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်စေတတ်ပါကြောင်း၊ စေ့စပ်ဖြေရှင်းရေးစနစ်သည် မြန်ဆန်/ထိရောက်ခြင်း၊ အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်းစသည့် အားသာချက်များရှိနေပြီး…