ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့၌ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၊ ၂၀၂၅-ခုနှစ် စုပေါင်းခရစ္စမတ်ပွဲတော်သို့ တက်ရောက်၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ပူတာအို ဒီဇင်ဘာ ၁၉ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်း စားဆီဖူလုံရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ(၁၉)ရက် နံနက် (၉)နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က လာမည့် ဒီဇင်ဘာ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး၊ မဲပေးခွင့်ရှိသူများ မဲပေးခွင့်ရရှိရေးတို့အတွက် ဌာနဆိုင်ရာများ၊ ပြည်သူများအားလုံးက အလေးအနက်ထား ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပူတာအိုခရိုင် ဒေသဝမ်းစာဆန်ဖူလုံရေးအတွက် အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် ယခုအခါ ဒေသခံပြည်သူများအတွက် ဆန်ဖူလုံနေပြီဖြစ်ပါကြောင်း၊ ဆက်လက်၍လည်း ပူတာအိုဒေသစားသုံးဆီဖူလုံရေးအတွက်…