ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များတွင် အသုံးပြုမည့် ဘထ္ထရီများအတွက် ဘထ္ထရီအားသွင်းစက်အသုံးပြုနည်းသင်တန်းဖွင့်လှစ်၊ နိုင်ငံ့ဝန်ထမ်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်ကျောင်းသား/ ကျောင်းသူများအား မဲပေးစက် အသုံးပြုနည်းသင်တန်းများနှင့် မဲပေးစက်အသုံးပြု လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
မြစ်ကြီးနား သြဂုတ် ၁ ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်နယ်အတွင်း မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းများနှင့် မဲပေးစက်အသုံးပြု လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် သြဂုတ် ၁ ရက်နေ့ နံနက် ၉ နာရီခွဲကလည်း မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုမည့် ဘထ္ထရီများအတွက် ဘထ္ထရီအားသွင်းစက်အသုံးပြုနည်းသင်တန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ သင်တန်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံးနှင့် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ သင်တန်းသား/ သင်တန်းသူ (၂၂)ဦးတို့အား မဲပေးစက်တွင် အသုံးပြုမည့် ဘထ္ထရီ၏ဖွဲ့စည်းပုံနှင့်ဘထ္ထရီအားသွင်းစက်အသုံးပြုပုံများနှင့်စပ်လျဉ်း၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ စာတွေ့အဖြစ် သင်ကြားပို့ချပေးခဲ့ပြီး မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ မဲပေးစက်များမှ ဘထ္ထရီများဖြင့် လက်တွေ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။ ထို့အပြင် ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်နယ်အတွင်း မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းအား မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ သင်တန်းသား…