ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင် ပြည်နယ်တာဝန်ခံ ဦးခင်ဇော် မြစ်ကြီးနားမြို့နယ်အတွင်း ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဒီဇင်ဘာ ၂၈ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် မြစ်ကြီးနားမြို့နယ်အတွင်း မဲဆန္ဒရှင်ပြည်သူများ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာ မဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက် အမှတ် (၉) အခြေခံ ပညာမူလတန်းကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ်(၈)သို့ ရောက်ရှိပြီး ရပ်ကွက်နေပြည်သူများ တည်ငြိမ်အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်သူများအစဉ်ပြေချောမွေ့စွာ မဲပေးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်တာဝန်ခံသည် လယ်ကုန်း(ဇီးလွန်)ရပ်ကွက်အတွင်း အမှတ် (၁၂) အခြေခံပညာအထက် တန်းကျောင်း၌ ဖွင့်လှစ်ထားသော…