ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅)အောက် ကလပ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများ (Clean and Green Schools)အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေး ပံ့ပိုးငွေများပေးအပ်
မြစ်ကြီးနား နိုဝင်ဘာ ၇ ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် ၂၅ နှစ်အောက်၊ ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဘော်လီဘောအားကစားနည်းသည် ပြည်နယ်အတွင်း ရေပန်းစားလူကြိုက်များသည့် အားကစားနည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်သာမက စည်းလုံးညီညွတ်မှု၊ ညီကိုမောင်နှမစိတ်ဓာတ်၊ စည်းကမ်းရှိမှုနှင့် ယှဉ်ပြိုင်မှုစိတ်ဓာတ်များကို ပြုစုပျိုးထောင်းပေးသည့် ဂုဏ်သတ္တိလည်းရှိပါကြောင်း၊ ယနေ့ပြိုင်ပွဲမှ ထူးချွန်ပြီး အရည်အချင်းရှိသည့် ကစားသမားများကို စိစစ်ရွေးချယ်ပြီး ပြည်နယ်ကိုယ်စားပြုအဖြစ် ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလီဘောအသင်း(၁၀)သင်းနှင့် အမျိုးသမီးအသင်း (၆)သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့်…