ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုနှင့် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင်အသင်းအား မြစ်ကြီးနားလေဆိပ်၌ စည်ကားသိုက်မြိုက်စွာဂုဏ်ပြုကြိုဆို၊ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဘိုး/အဘွားများအား ထောက်ပံ့ပေးအပ်
မြစ်ကြီးနား ဇူလိုင် ၂၆ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများကိုပါရရှိခဲ့ပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထိုသို့ ကချင်ပြည်နယ်လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိလာမှု ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အေရိုးဗစ်အားကစားအဖွဲ့၊…