ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်၍ ဘက်စုံ/ ကဏ္ဍစုံ၊ နယ်ပယ်အသီးသီးမှ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်၊ အမှတ်(၁) တပ်မတော်ဆေးရုံ (ကုတင်-၃၀၀)အတွက် ဆေးပဒေသာပင်လှူဒါန်း၊ ပြည်နယ်လက်ရွေးစင် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား        ဇူလိုင်  ၃ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အတွင်းရှိ ဘက်စုံ/ ကဏ္ဍစုံ/ နယ်ပယ် အသီးသီး၌ ထူးချွန်အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို ပြည်နယ်အမျိူးသမီးရေးရာအဖွဲ့က ဂုဏ်ပြုတေးသီချင်းဖြင့် ဖျော်ဖြေဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေး ၅၆ သန်းကျော်အနက် အမျိုးသမီးဦးရေသည် ၂၉ သန်းကျော်ဖြစ်သည့်အတွက်  နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်သည် အမျိုးသမီးများပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လေးစားဂုဏ်ယူဖွယ်ရာဖြစ်သည့် မြန်မာအမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် ဇူလိုင် ၃ ရက်နေ့ကို မြန်မာအမျိုးသမီးနေ့အဖြစ် အခမ်းအနားဖြင့် ဂုဏ်ပြုကျင်းပပေးခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အတူ ယနေ့ အခမ်းအနားတွင် ဘက်စုံ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဇူလိုင် ၂          ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းအနီး မြေကွက်လပ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရန်ဆိုသည့် လုပ်ငန်းလမ်းစဉ်အပေါ် ယနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဥပဒေနှင့်အညီ အကာအကွယ်အပြည့်အဝရရှိစေရေး၊ အမျိုးသားရေးယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအတွက် သင်တန်းများ ဖွင့်ပွဲတက်ရောက်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ယူနန်ပြည်နယ်၊ နုကျန်းပြည်နယ်ခွဲ ပြည်သူ့အစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာစိစစ်ရေးကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား   ဇူလိုင် ၂          ကချင်ပြည်နယ်အတွင်း   အသေးစားထုတ်ကုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုများ ဝင်ငွေတိုးရေး စီမံကိန်းဖြင့် ရပ်ကွက်/ ကျေးရွာများအလိုက် ကော်မတီများဖွဲ့စည်းပြီး သက်မွေးပညာသင်တန်းများကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည့် ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး၊ လေ့ကျင့်ပျိုးထောင်ရေးခန်းမ၌ စီမံကိန်းသင်တန်းများ ဖွင့်ပွဲအခမ်းအနား ဇူလိုင် ၁ ရက် နံနက် ၉ နာရီခွဲကလည်း ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ သင်တန်းများဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့သင်တန်းတွင် မိမိတို့ ပတ်ဝန်းကျင်မှာရှိသည့် ဒေသထွက်သီးနှံများ၏ ပါဝင်သော အာဟာရတန်ဖိုးများကို သိရှိနားလည်ရန်၊ သင်တန်းကရရှိသည့် နည်းလမ်းများကို အသုံးပြုထုတ်လုပ်ခြင်းဖြင့် တန်ဖိုးမြှင့်စားသောက် ကုန်များပေါ်ထွက်လာစေရန်နှင့် တစ်ပိုင်တစ်နိုင်မိသားစု စီးပွားရေးမှ စတင်၍ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကာ မိသားစုဝင်ငွေတိုးပွားရေး၊ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ နမ္မတီးဒေသအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများနေ ပြည်သူများနေထိုင်စားသောက်မှုအဆင်ပြေစေရေး တွေ့ဆုံအားပေးထောက်ပံ့၊ ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာစစ်ဆေးပေးခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား        ဇွန် ၃၀ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၃၀ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၈၅)၊ တောင်သူ ဦးကြည်ဆွေ၏ လယ် ၁၀ ဧကအတွင်း စိုက်ပျိုးထားသည့် ငွေတိုးစပါစိုက်ခင်း၌ စပါးအထွက်နှုန်းတိုးပွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်းသရုပ်ပြကြဲပက်မှုကို ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် တောင်သူများနှင့် တွေ့ဆုံပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် သတ္တမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်၍ ပျိုးပင်ပေါင်း (၇၀၀)ကျော် စိုက်ပျိုးပေး၊ အသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်း၏ ခြေစမ်းပွဲ ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇွန် ၂၈          ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ လမ်းဘေးဝဲ/ယာ စိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်းဖြစ်စေရေးတို့ကို ရည်ရွယ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ၂၀၂၅ ခုနှစ်၊ ပြည်နယ်အဆင့် အဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် (၇)နာရီခွဲက မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအတွင်းရှိ အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းသွားလမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်အဆင့်သတ္တမအကြိမ်မြောက်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အားကစားနှင့် ကာယ ပညာသိပ္ပံကျောင်း လျာထားမြေနေရာသွားလမ်းမပေါ်ရှိ လမ်းဘေးဝဲ/ယာတို့တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ/ ဆရာမများနှင့် သင်တန်းသူများ၊ ‌မော်ဖောင်းကျေးရွာနေ ပြည်သူများက အရိပ်ရအပင်ကြီးမျိုးများဖြစ်သည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် မူးယစ်ကင်းစင်ကျောင်းများ စုပေါင်းမိတ်သဟာယ အမျိုးသားဘောလုံးပြိုင်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   ဇွန် ၂၇          ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၁၄ ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့သော ကချင်ပြည်နယ် မူးယစ်ကင်းစင်သင်တန်းကျောင်းများ၏ စုပေါင်းမိတ်သဟာယအဖွဲ့တို့က ပူးပေါင်းကျင်းပသော အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၂၆ ရက် ညနေ ၃ နာရီက ပြည်နယ်ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။           အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ မူးယစ်ကင်းစင်ကျောင်းများစုပေါင်း၍ မိတ်သဟာယအဖွဲ့အဖြစ်ဖွဲ့စည်းပြီး အသင်းပေါင်း (၆)သင်းဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးဗိုလ်လုပွဲစဉ်အဖြစ် ဂါလိလဲအသင်းနှင့် အသက်မုန့်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံဘောလုံးအားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြရာ အသက်မုန့်အသင်းက…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်သတ္တမအကြိမ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ၊ အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲနှင့်အမှိုက်ပုံးနမူနာ များ ပေးအပ်ပွဲနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်၊ အောင်ပွဲရပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား အခမ်းအနားဖြင့် ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇွန် ၂၅          ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် စည်ပင်သာယာရေးအဖွဲ့က ကြီးမှူးကျင်းပလေ့ရှိရာ ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြင့်ဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သစ်တောသစ်ပင်ဆိုသည်မှာ ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်း ကျင်ကို စိမ်းလန်းစိုပြည် တည်တံ့စေရေးအရေးပါသည့် သယံဇာတအရင်းအမြစ်များဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူမိမိတို့ပတ်ဝန်းကျင်တွင် အပင်များစိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ နောင်နှစ်ပေါင်းများစွာ အကျိုးရှိနေစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြည်သာယာလှပစေရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသည့်အပြင် မြို့မိ/ မြို့ဖများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့်…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက  မန္တလေးမြို့၌ တိမ်းရှောင်နေထိုင်လျက်ရှိသော ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှ ဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

မြစ်ကြီးနား   ဇွန် ၂၄          ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး မန္တလေးမြို့၌ ခိုလှုံနေထိုင်လျက်ရှိသော ဝန်ထမ်းများနှင့် ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန် ၂၄ ရက် နံနက် ၁၀ နာရီက  မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဂွေးချိုတိုက်၊ ရန်ကုန်အုတ်ကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် တက်ရောက်သည်။           ရှေးဦးစွာ အခမ်းအနားသို့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး နမောတဿသုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဗန်းမော်ခရိုင်အတွင်းမှ ဝန်ထမ်းများနှင့် ပြည်သူများက ဆရာတော်ထံမှ သြဝါဒါစကားနာယူခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အစိုးရအဖွဲ့က တိမ်းရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးအပ်သည့် ငွေကျပ်သိန်း (၂၅၀)ကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရ ပြည်နယ်လက်ရွေး စင်ဂျူဒိုအသင်းအား မြစ်ကြီးနားမြို့၌ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ဘော်လီဘောအားကစားနှင့် ကြက်တောင်ရိုက်အားကစားပြိုင်ပွဲများ ဖွင့်ပွဲနှင့် ဝန်ကြီးချုပ်ဖလား ရပ်ကွက်/ ကျေးရွာပေါင်းစုံ အသက် (၂၃)နှစ်အောာက် (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဇွန် ၂၄          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု ရရှိခဲ့သည့်အပြင် အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည် ဇွန် ၂၃ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ နှင့်ဒေသခံများက ပြည်နယ်ဂုဏ်ဆောင် ရွှေလက်ပိုင်ရှင်များအဖြစ် သောင်းသောင်းဖြဖြဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာမှုကို မြစ်ကြီးနားလေဆိပ်၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီအသီးသီး မှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာ ကမ်းပါးတိုက်စားမှုအခြေအနေအား အမြန်ဆုံးကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေး၊ မဒိန်ဧက ၁၀၀ စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇွန် ၂၂          ကချင်ပြည်နယ်အတွင်း မေလနှင့် ဇွန်လ ပထမပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ကြီးမြင့်ခဲ့မှုကြောင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့ရှိ မြစ်ကမ်းပါး အနည်းငယ်ထပ်မံရေတိုက်စားသွားခဲ့သဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ (၃)နာရီက တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အတွင်း မြစ်ရေကြီးမြင့်မှုကြောင့် ဟိုးလော်ကျေးရွာနှင့် ရဝမ်ကထောင်ကျေးရွာတို့တွင် ၂၀၂၄ ခုနှစ်၊ မြစ်ရေကြီးမြှင့်မှုကြောင့် ကမ်းပါးရေတိုက်စားခဲ့ပြီး လူနေအိမ် (၄)လုံးနှင့် စေတီတစ်ဆူ ပြိုကျပျက်ဆီးခဲ့သဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကမ်းပါးရေတိုက်စားမှုမှ ကာကွယ်နိုင်ရေးအတွက် အောက်ခြေဖောင်ဒေးရှင်း ကမ်းပါးထိန်းကျောက်စီမြေထိန်းနံရံအရှည် ၃၀၀၀…

Read More