ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် နမ္မတီးမြို့ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ၊ စားသောက် ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အခမ်းအနားသို့ တက်ရောက်၊ Grade-12 သင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ချီးမြှင့်ထောက်ပံ့
မြစ်ကြီးနား မေ ၃၁ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာ၍ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့သို့ ယာယီတိမ်းရှောင် ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်၊ ဆီနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက နမ္မတီးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နေရပ်စွန့်ခွာပြည်သူများအားမိုးမကျမီ အမိုးအကာအောက် နေထိုင်နိုင်ရေးနှင့် စားသောက်မှုအဆင်ပြေစေရေး ကြိုးစား၍အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လိုအပ်ချက်များကို အတူတကွ ဝိုင်းဝန်းပူးပေါင်းကြိုးစားရေးနှင့် စိတ်ဓာတ်ခွန်အားပေးရန်လာ ရောက်ခြင်းဖြစ်ပါကြောင်း အားပေးပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့်…