ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ စာစစ်ဌာနများ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ် အေးချမ်းစွာ ဖြေဆိုနေမှုအား လိုက်လံကြည့်ရှုအားပေး၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ဆုရသူများအား ဆုများပေးအပ် ချီးမြှင့်၊ ၂၀၂၅ ခုနှစ်၊ ဆဌမအကြိမ်မြောက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအားတက်ရောက်
မြစ်ကြီးနား ဇွန် ၂၁ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကချင်ပြည်နယ်အတွင်း မြို့နယ်(၁၂)ခုတွင် စာစစ်ဌာန (၂၂)ခု ဖွင့်လှစ်၍ ဇွန် ၁၆ ရက်နေ့မှ စတင်၍ အေးချမ်းစွာကျင်းပပြုလုပ်စစ်ဆေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်နေ့တွင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒ ဘာသာရပ်များစစ်ဆေးကျင်းပမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့၌ စာမေးပွဲဖြေဆိုလျက်ရှိသော ကျောင်းသား/ ကျောင်းသူများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့ သွားရောက် ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ပြည်နယ်ပညာရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိနှင့်အတူ မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း…