ပင်မစာမျက်နှာ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ငလျင်ဘေးဒဏ်သင့်ဒေသများ အတွက် တတိယအကြိမ် အလှူငွေများပေးအပ်လှူဒါန်း

မြစ်ကြီးနား မေ ၂ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းအောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နံနက် (၇)နာရီကလည်း ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးစိုက်ပျိုးမှုကို ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူအသိပညာပေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်းရှိ တောင်သူများနှင့်တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဆန်ဖူလုံမှုမှာ ယခုနှစ် မှာဆိုလျှင် (၁၄၂.၆၇)ရာခိုင်နှုန်းထိ ဖူလုံမှုရှိပြီဖြစ်သော်လည်း စားဆီဖူလုံ‌ရေးအတွက် သီးထပ်စိုက် စွမ်းအားတိုးတက်မြင့်မားရေးကို (၅)နှစ်စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ လယ်သီးထပ် ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးနိုင်ရေး မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယခုလို ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း တိုက်တွန်းပြောကြားပြီး တောင်သူများ၏ မိုးစပါးနှင့်သီးထပ်စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေးအတွက် အင်ဂျန်းချောင်းရှင်းလင်းတူးဖော်ပေးရေး၊ လယ်ရေဝပ် ဧရိယာများကူညီဆောင်ရွက်ပေးရေးနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်တော်မူသကျမာရဇိန်အံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်

မြစ်ကြီးနား   ‌မေ ၁          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် အောင်တော်မူသကျမာရဇိန်အံတော် ရှင်စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် (၃၀) ကြိမ်မြောက် အသံမစဲကျမ်းမြတ်မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ၂၀၂၅ ခုနှစ် ဧပြီ ၂၂ ရက်နေ့မှ စတင်၍ (၉) ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ယနေ့ နံနက်ပိုင်းတွင် ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအဖြစ် နန်းကွေ့ကျေးရွာ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဒ္ဒန္တဟိတေသိတအမှူးပြုသော ဆရာတော်မထေရ်မြတ်များထံမှ အလှူရှင်များနှင့်ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို အောင်တော်မူသကျမာရဇိန်အံတော်ရှင်စေတီ‌တော်ကြီးရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားတိုးဝက်နှင့်ကြက်မွေးမြူရေးခြံများအားကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   ဧပြီ ၃၀          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်မွေးမြူထုတ်လုပ်နိုင်ရေး အသားဝက်နှင့် ကြက်မွေးမြူရေးခြံများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်း (ဇီးလွန်)ရပ်ကွက်အတွင်း ပိုင်ရှင် ဦးရွှေ၏ ဝက်မွေးမြူရေးခြံသို့ သွားရောက်ခဲ့ကြပြီး အသားတိုးဝက် ဝက်ကြီး၊ ဝက်ပေါက်ကောင်ရေ စုစုပေါင်းကောင်ရေ ၂၀၀ ခန့် မွေးမြူထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဈေးကွက်သို့ ပြန်လည်ရောင်းချနိုင်မှု အခြေအနေများ ကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အားကာသိပ္ပံကျောင်းမြေနေရာအပါအဝင် တိုးချဲ့ကွက်သစ်မြေဖော်ထုတ်နေမှုအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ရေကာ တာနှင့် ရေတားတမံတည်ဆောက်ရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဧပြီ ၂၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် တိုးချဲ့ကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါမော်ဖောင်းကျေးရွာအုပ်စု၊ ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေဧရိယာအတွင်း မြေနေရာကွက်သစ်များ ထုတ်ဖော်သတ်မှတ်၍ အားကစားသိပ္ပံအဝင်လမ်း၊ ကုန်တင်ယာဉ်ရပ်နားစခန်းပတ်လမ်း၊ ဌာနဆိုင်ရာမြေနေရာ ပတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဌာနဆိုင်ရာမြေနေရာများအပြင် ကျန်ရှိသည့် ကွင်း အမှတ် ၂၈၂ ၊ မြေဧက ၃၄ ဧကပေါ်တွင် တိုးချဲ့ကွက်သစ်မြေနေရာအတွက် စက်ယန္တရားများဖြင့် မြေပြင်အခြေအနေအား ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲပြန်လည်ဖြေဆိုနိုင်ရေး ဆရာ/ဆရာမများအား Revision ပြန်လည်သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နန်းကွေ့ ကျေးရွာအုပ်စုအတွင်း ပုဂ္ဂလိကပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံလုပ်ငန်းဆောင်ရွက်သွားမည့် အခြေ အနေများအား ကြည့်ရှုအားပေး၊ စီတာပူရပ်ကွက်အတွင်းရှိ ပြည်သူများအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်စစ်ဆေးခြင်းလုပ်ငန်းအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား   ဧပြီ ၂၈          မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီးလောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္က သိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေးနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အခြေခံပညာဦးစီးဌာနမှ Grade-12 သင် ဆရာ/ ဆရာမများအား မြစ်ကြီးနားတက္ကသိုလ်မှ ပါမောက္ခဌာနမှူးများက ဘာသာရပ်အလိုက် Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ဧပြီ ၂၈ ရက်နေ့က စတင်၍ သတ်မှတ်နေရာအသီးသီး၌ ဆွေးနွေး ပို့ချဆောင်ရွက်လျက်ရှိသည်။           ထိုသို့ Revision ပြန်လည်ဆွေးနွေးပို့ချခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားတက္ကသိုလ် ပင်မ ဆောင်၌ ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်း၊ ဒုတိ ယပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများက Virtual Zoom Meeting ကို အသုံးပြု၍ Online…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့က ပြည်နယ်/ ခရိုင်/ မြို့နယ် အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပေးဟောပြောပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဧပြီ ၂၇          ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်နိုင်ရေးနှင့် လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ က ဦးဆောင်၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဧပြီ ၂၆ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           အဆိုပါ ဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ကမ္ဘာ့နိုင်ငံတစ်ဝန်း တွင်သာမက အာဆီယံနိုင်ငံများ၊ မိမိတို့နိုင်ငံတွင်လည်း  သဘာဝဘေးများ ဖြစ်ပွားလျက်ရှိသည့် အတွက်ကြောင့် မိမိတို့ကချင်ပြည်နယ်အနေဖြင့်လည်း သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှား နိုင်ရေးအတွက် ယခုလို အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် သဘာဝဘေးလျော့ပါးရေးအစီအမံများ ထည့်သွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကစားနည်းအလိုက် ကြိုတင်ပြင်ဆင် စခန်းသွင်းလေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး၊ ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးလုပ်ငန်းခွင်အတွင်း မြစ်ရေမြင့်တက်လာမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား   ဧပြီ ၂၅          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် အားကစားနည်းအလိုက် အောင်မြင်မှုရရှိရေးအတွက် အားကစားသမားများအား ကြိုတင်ပြင်ဆင်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၂၅ ရက် နံနက် ၉ နာရီက အားကစားကွင်း၊ အားကစားရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့နှင့်အတူ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အားကစားကွင်းအတွင်း အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင်အဖြစ်ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် အားကစားသမားများနှင့် နည်းပြများကိုလည်းကောင်း၊ ပြေးခုန်ပစ်အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပြေးခုန်ပစ်အားကစားသမားများနှင့် နည်းပြများအားလည်းကောင်း၊ အဆိုပါကွင်းအတွင်း နွေရာသီ အခြေခံဘောလုံးသင်တန်းတက်ရောက်နေသော အားကစားသမားများအားလည်းကောင်း ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများပျက်စီးခဲ့သဖြင့် ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား အောင်မြင်စွာဖြင့် ပြန်လည်ကျင်းပနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးမှူးများနှင့်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဧပြီ ၂၄ မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ မီး လောင်ပျက်စီးသွားသဖြင့် ကချင်ပြည်နယ်အတွင်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ပြန်လည်ကျင်းပပြုလုပ်စစ်ဆေးနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများအားလုံး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စားမေးပွဲကို မြို့နယ် (၁၂) မြို့နယ်၌ စာစစ်ဌာန (၂၂)ခုတွင် ဖြေဆိုသူဦးရေ (၈၆၉၈)ဦးဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စာမေးပွဲအဖြေလွှာများကို စာစစ်လုပ်ငန်း ဆောင်ရွက်နေစဉ် မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့သဖြင့် ပြန်လည်ကျင်းပစစ်ဆေးနိုင်ရေး နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ဒါ့ကြောင့် မိမိတို့ပြည်နယ်အတွင်း ဖြေဆိုခဲ့သူ (၈၆၉၈)ဦးလုံး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု တားဆီးလျော့ချနိုင်ရေး ညှိနှိုင်းဆွေးနွေး၊ ရေကြည်ချောင်း ရေထိန်းတံခါးတည်ဆောက်မည့် စီမံကိန်းလုပ်ငန်းအားကြည့်ရှုစစ်ဆေး

မြစ်ကြီးနား ဧပြီ ၂၃ ကချင်ပြည်နယ်အတွင်း Fire Hotspot အကြောင်းအရင်း ဖြစ်စေသည့်နေရာဒေသများတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ တားဆီးလျော့ချနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၃ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း Fire Hotspot ဖြစ်ပေါ်စေသည့် အကြောင်းအရင်းနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့်လုပ်ငန်းကော်မတီ အပါအဝင်ခရိုင်အဆင့်တွင်(၆)ခုနှင့် မြို့နယ်အဆင့် (၂)ခုဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်နယ်အဆင့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာအဖွဲ့ဝင်များ အနေဖြင့် Fire Hotspot အကြောင်းအရင်းဖြစ်စေသည့် နေရာဒေသများကို ရှာဖွေဖော်ထုတ်၍လည်းကောင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မော်ဖောင်းကျေးရွာအုပ်စုအတွင်း အား/ကာသိပ္ပံမြေနေရာ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်းများ၏ မြေနေရာများနှင့် ကျေးရွာကွက်သစ်မြေနေရာအတွင်း မြေသားပြုပြင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ လောကမာန်အောင် ဆုတောင်း ပြည့်စေတီတော်ကြီး၌ စတုတ္ထအကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် သံဃာ့ဒါနဆွမ်းဆန်တော်လောင်းလှူပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား ဧပြီ ၂၂ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်း ဧက ၄၈၀ ပေါ်တွင် အားကစားနှင့်ကာယပညာသိပ္ပံ ကျောင်း၊ ကွန်ပျူတာတက္ကသိုလ်မြေနေရာများအပါအဝင် ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ မြေနေရာများနှင့် ကျေးရွာကွက်သစ်မြေနေရာများကို ဖော်ထုတ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အဆိုပါ မော်ဖောင်းကျေးရွာအုပ်စု၊ ပိတောင်ပယ်ဖျက်ကွင်းအတွင်းရှိ မြေဧရိယာအတွင်း မြေနေရာကွက်သစ်များ ထုတ်ဖော်သတ်မှတ်၍ အားကစားသိပ္ပံအဝင်လမ်း၊ ကုန်တင်ယာဉ်ရပ်နားစခန်းပတ်လမ်း၊ ဌာနဆိုင်ရာမြေနေရာပတ်လမ်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဌာနဆိုင်ရာမြေနေရာများအပြင် ကျန်ရှိသည့် ကွင်း အမှတ် ၂၈၂ ၊ မြေဧက ၃၄ ဧကပေါ်တွင် ကျေးရွာကွက်သစ်မြေနေရာအတွက် မြေပြင်အခြေအနေအား စက်ယန္တရားများဖြင့် ရှင်းလင်းပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က…

Read More