ကချင်ပြည်နယ်ဝန်ကြီးချုပ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်သစ်အကြို မြစ်ကြီးနားမြို့၌ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် (၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ ရင်းနှီးမတည်ပေးရာတွင် လက်စွဲစာစောင်ပါ လုပ်ထုံး လုပ်နည်းနှင့်အညီဖြစ်စေရေး ညှိနှိုင်းဆွေးနွေး၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ငအိုးကျေးရွာအတွင်း ဝက်နှင့် ကြက်မွေးမြူရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား မတ် ၂၉ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရ ကကြီးမှူး၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း MSME ထုတ်ကုန် ပြပွဲ၊ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ဧပြီ ၁ ရက်နေ့မှ စတင်၍ (၃)ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ MSME လုပ် ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဒေသတွင်း စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန် များနှင့် MSME ထုတ်ကုန်များကို ပြည်သူများ ပိုမိုသိရှိပြီး အဖိုးနှုန်းသက်သာစွာဖြင့်…