ကချင်ပြည်နယ်ဝန်ကြီးချုပ် မန္တလေးမြေငလျင်ကြီးကြောင့် ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် ရန်ပုံငွေရရှိရေးအတွက် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲသို့ တက်ရောက်ချီးမြှင့်၊ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး မြစ်ကြောင်းရှင်းလင်းရေး လုပ်ငန်းအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဧပြီ ၂၀ ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်လှုပ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေးအတွက် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် Shingni Nbat (ရှိန်နီအင်ဘက်) အနုပညာပိုးသဘက် လူမှုကူညီရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ကချင်ပြည်နယ်လုပ်ငန်းရှင်များအသင်းနှင့် ကချင်အနုပညာရှင်အမျိုးသမီး အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဧပြီ ၁၉ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ချစ်ကြည်ရေးဘောလုံးပွဲကို မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးခဲ့ရသည့် ပြည်သူများအား ပြန်လည်ထူထောင်ရေးနှင့်အရေးပေါ်လိုအပ်ချက်များအတွက်ကူညီထောက်ပံ့ပေးနိုင်ရန် ရန်ပုံငွေရရှိရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ငလျင်ဘေးသင့်ပြည်သူများထံ အကူအညီများ အမြန်ဆုံးရောက်ရှိစေရေး ဆောင်ရွက်ပေး လျက်ရှိသည့်အပြင်…