ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ငလျင်ဘေးဒဏ်သင့်ဒေသများမှ ပြည်သူများအတွက် အလှူရှင်များမှ အလှူငွေများ လာရောက်လှူဒါန်းမှုကိုလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်၊ ဗလမင်းထင်စံပြစိုက်ကွင်းအပါအဝင် ဆောင်းသီးထပ်လယ်စိုက်ခင်းများနှင့် ဧရာဝတီမြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်း၊ အင်ဂျန်းခချောင်းရေတံခါးတည်ဆောက်နိုင်ရေးကွင်းဆင်းစစ်ဆေး
မြစ်ကြီးနား ဧပြီ ၈ မေလ ၂၈ ရက်နေ့ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျင်ဘေးဒဏ်ထိခိုက်ခံစားခဲ့ရသည့် ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် ကချင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ရုံး၌ ဧပြီ ၈ ရက် နံနက် ၁၀ နာရီက အလှူငွေပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားတွင် အလှူငွေများလာရောက်လှူဒါန်းပေးကြသည့် ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုငလျင်ဘေးဒဏ်သင့်ဒေသများမှ ညီရင်းအကိုမောင်နှမများအတွက် တတ်စွမ်းသလောက် လာရောက်ပါဝင်လှူဒါန်းမှုကို မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မှတ်တမ်းတင် ဂုဏ်ယူပါကြောင်း ကျေးဇူးတင်စကားပြောကြားပြီး အလှူရှင် ဂျိမ်းဖောလငိုင် ကုမ္ပဏီမိသားစုမှ လှူဒါန်းငွေကျပ်သိန်း ၅၀၊ ဦးအောင်လွင်နှင့် ဒေါ်မေစန်းမောင် မိသားစုမှ အလှူငွေကျပ် ၁၀ သိန်းနှင့် ဒေါ်ခင်စန်းမြင့်မိသားစုမှ အလှူငွေကျပ် ၁ သိန်းဖြင့် စုစုပေါင်းအလှူငွေကျပ် ၆၁ သိန်းကို လက်ခံရယူကာ အသိအမှတ်ပြုကျေးဇူးတင်…