ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်၍ ပျိုးပင်ပေါင်း ၅၀၀ ကျော်အား စုပေါင်းစိုက်ပျိုးပေး၊ အသေးစားထုတ်ကုန်များ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်
မြစ်ကြီးနား ဇွန် ၁၁ ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ကျေးရွာသစ် လမ်းဘေးဝဲ/ ယာစိမ်းလန်းစိုပြည်ရေးနှင့် အရိပ်ရလေကာတန်း ဖြစ်စေရေးတို့ကို ရည်ရွယ်၍ ဇွန် ၁၁ ရက် နံနက် ၈ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ ကျေးရွာသစ်မြေနေရာနှင့် ဌာနဆိုင်ရာမြေနေရာ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ်အဖြစ် ပြည်နယ်အဆင့် မိုးရာသီသစ်သင်စိုက်ပျိုးပွဲတော်ကို ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ အခြေခံပညာဆရာ၊ ဆရာမများ၊ ဒေသခံတောင်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်း၍ သတ်မှတ်နေရာအသီးသီး၌ အမြင့် (၂)ပေနှင့်အထက် (၂)နှစ်သားအရွယ် မန်ဂျန်ရှားပင်နှင့် ပျဉ်းကတိုးပင် (၂၈၆)ပင်စီ ဖြင့် စုစုပေါင်း…