ကချင်ပြည်နယ်ဝန်ကြီးချုပ် စခန်းသွင်း Grade-12 ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား အခြေခံစားသောက်ကုန်များနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်၊ တောင်သူများအတွက်အရစ်ကျစနစ်ဖြင့် လက်တွန်းထွန်စက်များနှင့် ပရဟိတအသင်းသို့ အရေးပေါ်လူနာတင်ယာဉ်ပေးအပ်၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသောလူနာများအား အားပေးထောက်ပံ့၊ လီဆူစာပေနှင့်ယဉ်ကျေးမှုအသင်းနှင့်တွေ့ဆုံ
မြစ်ကြီးနား မေ ၁၆ မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၁၅ ရက် နံနက်ပိုင်းက ဖုန်ကန်ရာဇီခန်းမ၌ ဆရာ၊ ဆရာမများ၊ Grade-12 ကျောင်းသား/ကျောင်းသူများ၊ ဒေသခံတောင်သူများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲကျင်းပသည်။ ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများက တေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က Grade -12 စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်၏ အောင်ချက်မြင့်မားရေးနှင့် ပညာရေးကဏ္ဍတိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန် များ တိုးတက်မြှင့်မားလာစေရေး ခရိုင်အလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်…