ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်
မြစ်ကြီးနား ဇူလိုင် ၂ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းအနီး မြေကွက်လပ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရန်ဆိုသည့် လုပ်ငန်းလမ်းစဉ်အပေါ် ယနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဥပဒေနှင့်အညီ အကာအကွယ်အပြည့်အဝရရှိစေရေး၊ အမျိုးသားရေးယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက်…