ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အားကစားသမားနားနေဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား သြဂုတ် ၂၆ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့ / ရွာများ သန့်ရှင်းသာယာလှပလာစေရေး အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။ ထို့သို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်ဝန်ကြီးများသည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၏ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူသိမ်းဆည်းခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့…