ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်နေမှု၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းသား/ သင်တန်းသူများနှင့် ဘာသာရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ လှူဒါန်း၊ ကြက်မွေးမြူရေးခြံအား ကွင်းဆင်းစစ်ဆေး၊ ဆားမှော်ရွာတွင်းလမ်း ကွန်ကရစ်လမ်းသစ်အားဖွင့်လှစ်ပေး၊ ကြာအင်း(၂) ကျေးရွာဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်
မိုးညှင်း ဧပြီ ၇ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားလာစေရေး ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍတွင်အဓိကအားထားရသည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သီးထပ်စိုက်စွမ်းအား ပိုမိုတိုးတက်လာစေရေးအတွက် မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ ဧပြီ ၆ ရက် နံနက် ၈ နာရီတွင် မြို့နယ်ပြည်သူ့အားကစားကွင်းသို့ သွားရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ခံပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် ဇနီး၊ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် ဝသုန်စိုး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အားကစားဆပ်ကော်မတီတို့ပူးပေါင်း၍ ဖွင့်လှစ်လျက်ရှိသော နွေရာသီအခြေခံ အားကစားသင်တန်းများဖြစ်သည့် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်းများသို့ တက်ရောက်သင်ကြားနေသော လူငယ်/လူရွယ်များနှင့်…