ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး ရေကာတာနှင့် ရေတားတမံများ တည်ဆောက်နိုင်ရေး လုပ်ငန်းအစီအစဉ်တစ်ရပ်ဖြစ်သည့် ရေလျှံတား အုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေ တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၇ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ရေကာတာ၊ ရေတားတမံများတည်ဆောက်၍ ကြိုတင်ကာကွယ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းအစီအစဉ်များထဲမှ လုပ်ငန်းအစီအစဉ် တစ်ရပ်ဖြစ်သည့် ရေလျှံတားအုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေအား မြို့နေပြည်သူလူထုများ၏ ပူးပေါင်းပါဝင်မှုဖြင့် တည်ဆောက်နိုင်ရေးအတွက် ပြည်နယ်တည်ဆောက်ရေး ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်တွင် ဧရာဝတီ မြစ်ရေမြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့၏ ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ကာ စိုက်ပျိုး သီးနှံ၊ လူနေအိမ်များ၊ ဆောက်လုပ်ရေးပစ္စည်းများ အပါအဝင် စားသုံးကုန်ပိုင်ဆိုင်မှုပစ္စည်းများ တန်ဖိုး အားဖြင့် ဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကာ ပြည်သူများ ရေဘေးသင့်မှုကို…