ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်
မြစ်ကြီးနား ဖေဖော်ဝါရီ ၁၁ Polytechnic University (Myitkyina)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဆောင်းရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်းက အဆိုပါ တက္ကသိုလ်ဖူဆယ်အား ကစားရုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။ ရှေးဦးစွာ အမျိုးသား/ အမျိုးသမီး ဖူဆယ်အားကစားနည်းတွင် ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ EP အသင်းနှင့် Mech အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြရာ EP အသင်းက ပယ်နယ်သီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ်စွဲသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် သင်ကြားသင်ယူမှုတွင် ကြိုးစားသင်ယူလေ့လာရုံသာမက ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ်လူငယ်ပညာရှင်များဖြစ်အောင် ကြိုးစားသင်ယူလေ့ကျင့်ကြရေးနှင့် ဘာသာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်ပြီး…