ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းအား တက်ရောက်ကြည့်ရှုအားပေး

မြစ်ကြီးနား   ဇူလိုင် ၃၁          ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)ရှိ ကျောင်းသား/ကျောင်းသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။           အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေး ခြင်းအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းမင်းဦး၊ ပါမောက္ခဌာနမှူးများနှင့် တာဝန်ရှိသူများက မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကော်မရှင်အရာရှိ ဦးကျော်စိုးအောင်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မဲပေးစက်အသုံးပြုပုံ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ထားရှိမှု၊ မဲပေးခြင်းစနစ်တို့အား ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးဟောပြောပေးမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီး၊…

Read More

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးမှုအား ကြည့်ရှုစစ်ဆေး၊ မိုးညှင်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်များအား ထောက်ပံ့ပေးအပ်

မြစ်ကြီးနား   ဇူလိုင်၃၁          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မူလတန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အပတ်စဉ်တစ်ပတ်လျှင် (၂)ရက် ကျွေးမွေးလျက်ရှိရာ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ကလေးများအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက သွားရောက်အား ပေးခဲ့ကြသည်။           ရှေးဦးစွာ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ KG ကလေးငယ်များအား ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ အဖွဲ့ ဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကျွေးမွေးခဲ့ကြသည်။           အလားတူ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ မဉ္ဇူခန်းမ၌ KG ကလေးငယ်များအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြုနည်းသင်တန်းများနှင့် ခရိုင်အတွင်း မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး တွေ့ဆုံပွဲများနှင့် ကွင်းသရုပ်ပြပွဲများသို့ တက်ရောက်၊ နမ္မတီးမြို့ရှိ ယာယီစခန်းများအတွက် ထောက်ပံ့ငွေများပေးအပ်

မိုးညှင်း        ဇူလိုင် ၃၀          ကချင်ပြည်နယ်၏ စပါးကျီခရိုင်တစ်ခုဖြစ်သည့် မိုးညှင်းခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်မြှင့်မားလာစေရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး မိုးညှင်းခရိုင်၊ မိုးညှင်းမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၉ ရက် မိုးညှင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ်တို့သည့် မိုးညှင်းတပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ အရာထမ်း/ အမှုထမ်းများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ တက္ကသိုလ်၊ ကော လိပ်များမှ ကျောင်းသား/ကျောင်းသူများနှင့်အတူ မိုးညှင်းမြို့ မြို့တော်ခန်းမဘေးရှိ မြေကွက်လပ်တွင် ရတနာတန်းဝင် ကျွန်းပင်၊ ပိတောက်၊ ခရေ၊ ကံ့ကော်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ် ဟိုပင်မြို့၌ ဌာနဆိုင်များ၊ ဒေသခံရပ်မိရပ်ဖများ၊ စာပေယဉ်ကျေးမှုအဖွဲ့များနှင့်တွေ့ဆုံ၊ ဒေသတွင်းဆန်စပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆန်စက်၊ ဆီစက်များ အဆင့်မြှင့်တင်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား        á€‡á€°á€œá€­á€Żá€„်  á‚၉ ကချင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးမှုအများဆုံးနှင့် အဓိကစိုက်ပျိုး‌ရာ ဒေသတစ်ခုဖြစ်သည့် မိုးညှင်းခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးနိုင်ရေး၊ ဆန်စက်၊ ဆီစက်များ အဆင့်မြင့်တင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်  á€‡á€°á€œá€­á€Żá€„် ၂၈ ရက် နံနက်ပိုင်းက မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဟိုပင်ဒေသအတွင်း ဒေသခံပြည်သူများ၊ တောင်သူများ၊ လုပ်ငန်းရှင်များနှင့်တွေဆုံပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ဟိုပင်မြို့ မြို့တော်ခန်းမ၌ ခရိုင်၊ မြို့နယ်၊ မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျောမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံသည်။ အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒုတိယနှင့် အကောင်းဆုံးကစားသမားဆုများရရှိခဲ့သော အောင်ပွဲရအသက်(၁၈)နှစ်အောက် ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ငွေကျပ်သိန်း ၃၀၀ ကျော် ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၂၈          ၂၀၂၅ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိခဲ့သည့်အပြင် ဂိုးသမားအကောင်းဆုံးဆုနှင့် အလယ်တန်းအကောင်းဆုံး ဆုများကိုရရှိခဲ့သော ကချင်ပြည်နယ်လက်ရွေးစင် အမျိုးသားဘောလုံးအသင်းအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေ ၆ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ဂုဏ်ပြုညစာဖြင့် ချီးမြှင့်ဂုဏ်ပြုခဲ့သည်။           အဆိုပါ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ ကချင်ပြည်နယ်အသင်းအနေဖြင့် တံခွန်စိုက်ဆုကို ရယူရန်အတွက် နောက်ဆုံးဖိုင်နယ်အထိ ရေကုန်ရေခမ်းကြိုးစားခဲ့ပြီး ဒုတိယဆုနှင့်အတူ အကောင်းဆုံးကစားသမားဆုများကိုပါ ဂုဏ်ယူစရာရယူပေးနိုင်ပါကြောင်း၊ အကောင်းဆုံးခြေစွမ်းဖြင့် အသင်းလိုက်စုစည်းမှု၊ စည်းကမ်းရှိမှုနှင့် ဇွဲလုံ့လကို ချီးကျူးပါကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအဖွဲ့အပြင် ပြည်နယ်သူ/ ပြည်နယ်သားများအားလုံးကလည်း ဂုဏ်ယူနေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုပြိုင်ပွဲကို စံနမူနာယူပြီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ယာယီနေရပ်စွန့်ခွာပြည်သူ များအားတွေ့ဆုံ၍ ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား   ဇူလိုင် ၂၇          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်မြို့/ ကျေးရွာများကို စွန့်ခွာ၍ ယာယီစခန်းများတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေးအပြင် စားသောက်မှုအဆင်ပြင်စေရေး စဉ်ဆက်မပြတ်ထောက်ပံ့ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၂၇ ရက် မွန်းလွဲ  ၂ နာရီက မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ အိမ်ထောင်စုများနှင့် တွေ့ဆုံသည်။           ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်လာသော ပြည်သူများအား မိုးမကျမီအမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်ရေး အတတ်နိုင်ဆုံး ယာယီနေအိမ်များ ဆောက်လုပ်နိုင်ရေး မိုးကာ၊ ဝါးစသည့်တို့ကို ပံ့ပိုးကူညီပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ယနေ့လိုတွေ့ဆုံပြီး စိတ်ဓာတ်ခွန်အားပေးခြင်း၊ စားသောက်မှုအဆင်ပြေစေရေးအတွက် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်းကိုလည်း စဉ်ဆက်မပြတ် အတတ်နိုင်ဆုံး ပံ့ပိုးကူညီပေးနိုင်ရေး…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)၏ မိုးရာသီ အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား   ဇူလိုင် ၂၆          ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ကျောင်းသား/ကျောင်းသူများအတွက် ကြီးမှူးကျင်းပသည့်  မိုးရာသီကျောင်းတွင်း အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီက နောက်ဆုံးဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမျိုးသမီးဒုတိယနှစ်အသင်းနှင့် စတုတ္ထနှစ်အသင်းတို့ ယှဉ်ပြိုင်ကစားမှုကို လည်းကောင်း၊ အမျိုးသား ပထမနှစ်နှင့် စတုတ္ထနှစ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) ဒုတိယပါမောက္ခချုပ် ဒေါက်တာသန်းနိုင်စိုး၊ ပါမောက္ခဌာနမှူးများနှင့် နည်းပြဆရာများ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြရာ အမျိုးသမီး ဒုတိယနှစ်အသင်းနှင့် အမျိုးသားစတုတ္ထနှစ်အသင်းတို့ အနိုင်ရဗိုလ်စွဲသည်။           ယင်းနောက် ဆုချီးမြှင့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုနှင့် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများရရှိခဲ့သော အောင်ပွဲရ ကချင်ပြည်နယ် လက်ရွေးစင်အသင်းအား မြစ်ကြီးနားလေဆိပ်၌ စည်ကားသိုက်မြိုက်စွာဂုဏ်ပြုကြိုဆို၊ အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အဘိုး/အဘွားများအား ထောက်ပံ့ပေးအပ်

မြစ်ကြီးနား   ဇူလိုင် ၂၆          ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့်အပြင် ဂိုးသမားနှင့် အလယ်တန်းအကောင်းဆုံးဆုများကိုပါရရှိခဲ့ပြီး ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ရောက်ရှိလာကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။           ထိုသို့ ကချင်ပြည်နယ်လက်ရွေးစင်အသင်း ပြန်လည်ရောက်ရှိလာမှု ဂုဏ်ပြုကြိုဆိုရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တကွ ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများနှင့် အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အေရိုးဗစ်အားကစားအဖွဲ့၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၂) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd  CAEXPO) တွင် မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့(City Of Charm) အဖြစ် ပါဝင်ပြသရာ တွင် ရိုးရာမပျက်ဂုဏ်ယူဖွယ်ရာပြသနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား   ဇူလိုင် ၂၅          တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နင်နင်းမြို့တွင် ကျင်းပပြုလုပ်မည့် (၂၂)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ (22nd CACXPO) တွင် ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနားမြို့အား နှစ်လိုဖွယ်မြို့ (City of Charm) အဖြစ် ဂုဏ်ယူစွာပါဝင်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တရုတ်- အာဆီယံကုန်စည်ပြပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနက နှစ်လိုဖွယ်မြို့အဖြစ် ပြသနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ၂၀၂၅ ခုနှစ်အတွက် မြစ်ကြီးနားမြို့အား ပြသရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည့်အတွက် ဂုဏ်ယူရမည်ဖြစ်သကဲ့သို့ မိမိတို့အနေဖြင့်လည်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် ငလျင်ဘေးအန္တရာယ် အသိပညာပေးဟောပြော ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား   ဇူလိုင် ၂၄          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲအဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များ၊ သတိပြုလိုက်နာ၍ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အများပြည်သူနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ငလျင်နှင့်ပတ်သက်ပြီး စစ်ကိုင်းပြတ်ရွေ့သည် မိမိတို့နိုင်ငံကို တောင်နှင့်မြောက်သွယ်တန်းလျက်ရှိပြီး သက်ရှင်ပြတ်ရွေ့တစ်ခုဖြစ်ဖြစ်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များအပြင် ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့လည်းပါဝင်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရက်ချ်တာစကေး (၇.၇) ပြင်းအား ရှိ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် လူသေဆုံးမှုများအပြင် ဆုံးရှုံး ထိခိုက်မှုကြီးမားစွာ ကြုံတွေ့ခဲ့ရသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အပြင်းထန်ဆုံးငလျင်ဒဏ်ခံနိုင်သည့်…

Read More