ကချင်ပြည်နယ်ဝန်ကြီးချုပ် ပညာရေးဒီဂရီကောလိပ် (မြစ်ကြီးနား)၌ ကျင်းပပြုလုပ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲသို့ တက်ရောက်၊ နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ဆရာ၊ ဆရာမများကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၊ဝိုင်းမော် မြို့နယ် မိုင်းနားနှင့်နောင်ချိန်းကျေးရွာအုပ်စုများ အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအား ဆန်နှင့်ဆီများ ထောက်ပံ့ပေး အပ်
မြစ်ကြီးနား မေ ၁၁ ကချင်ပြည်နယ်၊ ပညာရေးဒီဂရီကောလိပ်(မြစ်ကြီးနား)ရှိ သင်တန်းသား/သင်တန်းသူများအား ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီနှင့် ပြည်နယ်မြန်မာ့သိုင်းဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါကောလိပ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။ ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် မြန်မာ့သိုင်းအားကစားနည်းသည် ရှေးဘုရင်များလက်ထက် နှစ်ပေါင်းများစွာကတည်းကရှိခဲ့ပြီး အစဉ်အဆက် မိဘမျိုးရိုးစောင့်ထိန်းလာခဲ့ကြကာ မိမိတို့လူမျိုး၏ ကိုယ်ခံအတတ်ပညာတစ်ခုအနေဖြင့် သင်ကြားခဲ့ရသည့် ပညာရပ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အတူ နိုင်ငံတော်အကြီးအကဲကလည်း မြန်မာ့သိုင်း အားကစားနည်းမှာလူတိုင်းကစားနိုင်သည့် ကိုယ်ခံပညာအားကစားနည်းဖြစ်သည့်အတွက် နိုင်ငံတော် ၏အားကစားအဖြစ် ဆောင်ရွက်သွားကြရန် လမ်းညွှန်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/ သင်တန်းသူများအနေဖြင့် မြန်မာ့သိုင်းအားကစားနည်းကို လေးစားစွာသင်ယူလေ့ကျင့်ပြီး ခန္ဓာကိုယ်ကျန်းမာကြံခိုင်ရေးနှင့် မိမိကိုယ်ကို ခုခံစောင့်ရှောက်နိုင်အောင် စနစ်တကျသင်ယူလေ့လာကြရန် မှာကြားလိုသည့်အပြင် ယနေ့ သင်တန်းတွင်…