ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State RSC) က ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သင်တန်းသား/ သင်တန်းသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲသို့ တက်ရောက်အားပေး
မြစ်ကြီးနား ဇူလိုင် ၂၂ ကချင်ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (Kachin State RSC) ကကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်လျော့ပါးစေရေးအတွက် လစဉ်အစည်းအဝေးများပြုလုပ်၍ လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်း၍ အသိပညာပေးစေခြင်း၊ မီးပွိုင့်များ တိုးချဲ့တပ်ဆင်ရန် စီစဉ်ဆောင်ရွက်ပေးခြင်း၊ ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန်းများ၊ လမ်းအမှတ်သားများနှင့် အချက်ပြစနစ်များ တစ်ပြေးညီဖြစ်စေရေး နှစ်စဉ်ရန်ပုံငွေများချမှတ်သုံးစွဲ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်အတွင်း ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးများ ကြုံတွေ့နေရကြောင်းကို စစ်တမ်းများအရသိရှိရပြီး ယာဉ်တိုက်မှုဖြစ်ရခြင်းအများစုမှာ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို မသိခြင်း၊ မလေ့လာခြင်း၊…