မြစ်ကြီးနားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနား ကျင်းပ
မြစ်ကြီးနား မေ ၁၉ ၂၀၂၅ – ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ပါဝင်သည့် မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနားကို မေ ၁၉ ရက် နံနက် ၇ နာရီခွဲက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဆမားလမ်းပေါ် အ.ထ.က(၁)နှင့်အ.ထ.က (၉)ကြားတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာကျောင်းသား/ ကျောင်းသူများ၊ ဘင်ခရာ၊ အတီးအမှုတ်အဖွဲ့များ၊ ကင်းထောက်လူငယ်များ၊ ကျောင်းသားမိဘများ တက်ရောက်ကြသည်။ အခမ်းအနားသို့ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြရာ အခြေခံပညာကျောင်းအုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများက လှိုက်လှဲစွာ…