ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ချီဖွေခရိုင်၊ ချီဖွေမြို့နယ် ရစ်ဂျော်ကျေးရွာ ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်း ရှင်းလင်းဆွေးနွေးပွဲနှင့် ဝန်ထမ်းများနှင့် တွေ့ဆုံ

မြစ်ကြီးနား     မတ် ၂           ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ ရစ်ဂျော်ကျေးရွာတွင် SPIC ကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့သော ဆိုလာလျှပ်စစ်မီး စံပြစီမံကိန်းနှင့် ပတ်သက်သည့် ရှင်းလင်းဆွေးနွေး ပွဲကို မတ် ၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           အဆိုပါ စီမံကိန်း ရှင်းလင်းပွဲတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး အခြေခံကျသည့် လျှပ်စစ်မီးလင်းရေးအတွက် ယခုလို နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးလင်းရေးသည် တောင်ပေါ်ဒေသရှိ ကျေးရွာနေပြည်သူများ အတွက် များစွာအကျိုးဖြစ်ထွန်းပါကြောင်း၊ ရစ်ဂျော်ကျေးရွာအား အချိန်တိုကာလအတွင်း ဆိုလာ လျှပ်စစ်မီး စံပြစီမံကိန်းဖြင့် မီးလင်းရေးကို ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် များစွာကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောကြားသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုများ တိုးတက်မြှင့်မားလာစေရေး ချေးငွေဒုတိယနှစ်စက်ဝန်းအတွက် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၊ ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ် တည်ဆောက်နိုင်ရေး မြေနေရာအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     မတ် ၂           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ခွဲဝေမတည်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံအား ချေးငွေပထမနှစ်စက်ဝန်းကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး ဒုတိယနှစ်စက်ဝန်းလည်ပတ်လျက်ရှိရာ မတ် ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့၏ (၃/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် မတည်ငွေများ ထပ်မံခွင့်ပြုချထားပေးခဲ့သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ပြည်နယ်၏ စီးပွားမြှင့်တင်ရေးအတွက် ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီ ယံကို ကော်မတီများအလိုက် ကြိုးပမ်းခဲ့မှုကြောင့် ပထမနှစ်စက်ဝန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင် ခဲ့ပြီး ယခု ဒုတိယနှစ်စက်ဝန်းတွင် ပထမနှစ်စက်ဝန်း၏ အခက်အခဲ၊ အားသားချက်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်၊ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနား     မတ် ၁           ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံး ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့က စတင်၍ အသင်းပေါင်း ၁၂ သင်းဖြင့် တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၂ နာရီက နောက်ဆုံးဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။           ဗိုလ်လုပွဲစဉ်အဖြစ် သမိုင်းဘာသာအသင်းနှင့် မြန်မာစာနှင့်ဒဿနိကတို့ ပူးပေါင်းထားသည့် မလိဧရာဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားကြမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ၎င်းတို့၏ ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချူပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ရာ ပယ်နယ်တီအဆုံးအဖြတ်ဖြင့်…

Read More

မြစ်ကြီးနားမြို့၌ စတုတ္ထအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးလျက်ရှိ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၉           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ကချင်ပြည်နယ် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မြစ်ကြီးနား)နှင့် ပူးပေါင်းဆောင်ရွက်မည့် စတုတ္ထ အကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲ ၃ နာရီက အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ သည်။           ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီးက မြစ်ကြီးနားမြို့ ကျောက် မျက်ပြပွဲကျင်းပနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်မှုပြုခဲ့ပါကြောင်း၊ အားလုံးသိပြီးဖြစ်သည့် အတိုင်း ပြည်နယ်အတွင်း လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူးမော်ဟန် ရတနာနယ်မြေက ထွက်ရှိသော ကျောက်စိမ်းများသည် ကမ္ဘာပေါ်တွင် အရည်အသွေးအကောင်းမွန်ဆုံးသော ကျောက် စိမ်းများဖြစ်ပါကြောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကျောက်စိမ်းကျောက်မျက်ပြပွဲများကို…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၈           မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုမည့် ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် နှစ်ဟောင်းကို နှုတ်ဆက်၍ ၁၃၈၆ နှစ်သစ်ကို ကြိုဆိုရမည့် ကာလသို့ ပြန်လည်ရောက် ရှိလာပြီဖြစ်ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အစဉ်အလာနှင့်အညီ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် သင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားရမည်ဖြစ်သည့် အပြင် ရိုးရာယဉ်ကျေးမှုကိုထုတ်ဖော်ပြသသည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆင်ဘိုနှင့် တာလောကြီးကျေးရွာများမှ Grade-12 ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများနှင့် သူနာပြုသင်တန်းကျောင်း၊ ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများအား စားသောက်ကုန်များ ထောက်ပံ့၊ တတိယအကြိမ် စာအောင်ဆု နှင်းသဘင်အခမ်းအနားနှင့် မြစ်ကြီးနားမြို့တော်ခန်းမသစ် တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၇           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့်သင်ကြားမှုခံယူနေသော ကျောင်းသား/ ကျောင်းသူများ၊ သင်တန်းသား/သင်တန်းသူများအတွက် စားသောက်ကုန်များကို ‌ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်က ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၃ နာရီခွဲက သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ လတ်တလောနယ်မြေအခြေအနေရ မြစ်ကြီးနားမြို့တွင် ရွေ့ပြောင်းနေထိုင်၍ စခန်းသွင်းလေ့ကျင့်သင်ကြားနေသော ဆင်ဘိုနှင့် တာလောကြီး ကျေးရွာ များမှ ဆရာ/ ဆရာမများနှင့် တက္ကသိုလ်ဝင်တန်း Grade-12 ကျောင်းသား/ကျောင်းသူများအား မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း ခန်းမသို့သွားရောက်တွေ့ဆုံအားပေးခဲ့ကြသည်။ ထို့သို့ တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက္ကသိုလ်ဝင်တန်း ဖြေဆို…

Read More

ကချင်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်၊ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနားတက္ကသိုလ် ဥပေဒပညာဌာန၊ ပဉ္ဇမနှစ်ကျောင်းသား/ကျောင်းသူများ တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၆           ကချင်ပြည်နယ်တရားလွှတ်တော်နှင့် မြစ်ကြီးနားခရိုင်/ မြို့နယ်တရားရုံးများသို့ မြစ်ကြီးနား တက္ကသိုလ် ဥပေဒဌာနမှ ပါမောက္ခဌာနမှူး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများက တရားခွင်လက်တွေ့ကွင်းဆင်းလေ့လာခြင်း အစီအစဉ်ကို ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီက ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာသည် ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးမော်၊ ဦးအောင်မြင့်၊ တာဝန်ရှိသူများက အစည်းအဝေးခန်းမ၌ ကျောင်းသား/ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်က အမှာစကားပြောကြားသည်။           ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးဦးအောင်မြင့်တို့ကကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပြီး မြစ်ကြီးနားတက္ကသိုလ် ဥပဒေဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာဒေါ်ခင်စိုးစိုးလင်းက ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံး ကြည်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲ၊ မြစ်ကြီးနားမြို့၌ Autumn Hotel အသစ်ဖွင့်ပွဲနှင့် စက်မှုလယ်ယာဦးစီးဌာန၏ စနစ်ကျစက်မှုလယ်ယာဖော်ထုတ်ခြင်းလုပ်ငန်းအား တက်ရောက်ကြည့်ရှု

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံနှင့်အညီ မြန်မာ့ ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ တတိယအကြိမ်မြောက် မြန်မာ့ရိုရာထမဲနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ဒိုးပတ်ပြိုင်ပွဲနှင့်အတူ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ မစတင်မီ ဒိုးပတ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ မြစ်ကြီးနား မြို့ပေါ်ရပ်ကွက် (၃)ခုမှ ပြိုင်ပွဲဝင် ဒိုးပတ်အသင်းများက စိတ်ကြိုက် ဒိုးပတ်သံချပ်၊ ဦးရွှေရိုးနှင့် ဒေါ်မိုး အကအလှများဖြင့် ပါဝင်ယှဉ်ပြိုင်ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီး ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဗန်းမော်ခရိုင်အတွင်းမှ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာရရှိသူများအား ချီးမြှင့်ပေးအပ်၊ ဗန်းမော်ခရိုင် ကချင်စာပေနှင့် ယဉ်ကျေးမှု အသင်းနှင့် တွေ့ဆုံ

ဗန်းမော်         ဖေဖော်ဝါရီ ၂၄           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ဗန်းမော်မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်းနန်သည် ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၉ နာရီက စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများကို ချီးမြှင့်အပ်နှင်းခဲ့သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့ တာဝန် ယူသည့် အချိန်မှ စတင်၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်သည့်နေရာတွင် မိမိတို့နှင့်အတူ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား ဂုဏ်ပြုသည့်အနေဖြင့် ယခုလို ဂုဏ်ထူးဆောင်ဆုများကို ချီးမြှင့်အပ်နှင်းရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်မြို့နယ်အတွင်းရှိ ဘာသာရေးကျောင်းများအား သွားရောက်လှူဒါန်း၊ ဗန်းမော်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ကွင်းဆင်းစစ်ဆေး၊ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဗန်းမော် မြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ဗန်းမော်မြို့ပေါ်ရှိ ဘာသာရေးကျောင်း များသို့ သွားရောက်ပြီး ဆုတောင်းမေတ္တာပို့သမှုခံယူကာ လှူဒါန်းမှုများကို ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစကခမှူး (ဗန်းမော် တပ်နယ်မှူး) ဗိုလ်မှူးကြီးထွဋ်ခေါင်၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာန ဆိုင်ရာဝန်ရှိသူများနှင့်အတူ ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်အတွင်းရှိ…

Read More