ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား နှင့် ၂၀၂၄ ခုနှစ်၊ သျှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်ဦးဆွမ်းကပ်ပွဲ၊ ပညာဘဏ်ကိုယ်ပိုင်အထက်တန်း ကျောင်း၏ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားများသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား     ဒီဇင်ဘာ ၁           ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၏ (၂၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို နိုဝင်ဘာ ၃၀ ရက် နံနက် ၉ နာရီက စတင်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မွန်းလွဲ (၂)နာရီတွင် ဘွဲ့နှင်းသဘင်ခန်းမ၌ တက်ရောက်အားပေးချီးမြှင့်ကြသည်။           ရှေးဦးစွာ ဘွဲ့နှင်းသဘင် အခမ်းအနားသို့  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းနှင့် စီမံခန့်ခွဲရေးအဖွဲ့ဝင် များ၊ ပညာ‌ရေးအဖွဲ့ဝင်များနှင့်အတူ ဘွဲ့နှင်းသဘင်စင်မြင့်တွင် နေရာယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့ရမောင်/မယ်များအား နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဗလငါးတန် ပြည်စုံသောလူငယ်၊ လူရွယ်ပညာတတ်များ ပေါများထွန်းကားလာစေရန် လိုအပ် ပါကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ…

Read More

https://2020election.uec.gov.mm

https://2020election.uec.gov.mm ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ” ကို ဖော်ပြပါ website တွင် လေ့လာဖတ်ရှုနိုင်မည်ဖြစ်ပါသည် ——-http://2020election.uec.gov.mm

Read More

ဦးခင်မောင်ထွေး (လမ်းပန်းဆက်သွယ်ရေးဝန်ကြီး)

အမည် – ဦးခင်မောင်ထွေး လူမျိုး/ဘာသာ – ဗမာ/ဗုဒ္ဓဘာသာ ပညာအရည်အချင်း – မဟာဝိဇ္ဇာ(ကာကွယ်ရေးပညာ)ဘွဲ့ စတင်တာဝန်ထမ်းဆောင်သည့်နေ့ – ၁၀-၁-၂၀၂၄ ရက်နေ့

Read More

ဦးမိုးမင်းသိန်း (လူမှုရေးရာဝန်ကြီး)

အမည်- ဦးမိုးမင်းသိန်း လူမျိုး/ဘာသာ – ကရင်/ဗုဒ္ဓဘာသာ ပညာအရည်အချင်း – ဝိဇ္ဇာဘွဲ့(မြန်မာစာ) စတင်တာဝန်ထမ်းဆောင်သည့်နေ့ – ၁၀-၁-၂၀၂၄ ရက်နေ့

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ ကျင်းပ၊ အင်းတော်ကြီး ငါးလုပ်ငန်းစခန်းအား ပြန်လည်ပြုပြင်၍ ငါးသားပေါက်များ ထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၇           ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ခြင်းအားဖြင့် ပြည် နယ်၏ စီးပွားရေးနှင့် စားရေရိက္ခာဖူလုံမှု အထောက်အပံ့ဖြစ်စေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ပြည်နယ်အတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားကို မတ် ၇ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝ အရင်းအမြစ် ပေါကြွယ်ဝပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းသည့် ပြည်နယ်တစ်ခုဖြစ်သည့် အတွက် ယနေ့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအနေဖြင့် ပေါများကြွယ်ဝသော သဘာဝ အရင်းအမြစ်ထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် မီးလင်းရေးအတွက် အထမ်ချောင်းရေအားလျှပ်စစ် အကောင်အထည်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     မတ် ၆           မြန်မာပြည်မြောက်ဖျား ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ် လျှပ်စစ်မီးလင်း ရေးအတွက် မြို့နယ်အတွင်းရှိ အထမ်ချောင်းမှ တစ်ဆင့် ရေအားလျှပ်စစ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၆ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်သည် မြန်မာပြည်မြောက်ဖျားပိုင်း တွင် တည်ရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအနည်းငယ်နောက်ကျနေခြင်းသည် လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင် တစ်ခုလုံး လျှပ်စစ်မီးလုံလောက်စွာ ရရှိရေးအတွက် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ ခေါင်လန်ဖူးဒေသ လျှပ်စစ်မီးလင်းရေးအတွက် အထမ် ချောင်းရေမှတစ်ဆင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်‌ရေး ဒေသခံလပြည့်ဝန်းကုမ္ပဏီအနေဖြင့် ကွင်းဆင်းလေ့လာတွေ့ရှိမှုများအပေါ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၊ အင်ဂျန်းယန်မြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဆရာ/ ဆရာမ များအား  ဂုဏ်ပြုပွဲနှင့် အင်္ဂလိပ်စာအခြေခံ(Grammar & Speaking) သင်တန်းဖွင့်ပွဲများသို့ တက်ရောက်

မြစ်ကြီးနား     မတ် ၅           ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မတ် ၅ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာ စကားပြောကြားသည်။           ထိုသို့ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားတွင် မိမိတို့နိုင်ငံ၊ မိမိတို့ပြည်နယ်၊ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံးကို မိမိတို့အနေဖြင့် အားပေးကူညီဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း၊ လွယ်ဂျယ်ဒေသသည် နယ်စပ်ကုန်သွယ်ရေးဒေသဖြစ်သည်နှင့်အညီ အခြေခံ အဆောက်အအုံများနှင့် ပြည့်စုံကောင်းမွန်နေရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ကော်မတီအဖွဲ့ ဝင်များအနေဖြင့် လွယ်ဂျယ်မြို့တွင် ယာဉ်ရပ်နားဝင်းတည်ဆောက်သွားမည့် လုပ်ငန်းများအား ဥပဒေ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေး တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန် ပစ္စည်းများ ထောက်ပံ့ခြင်းနှင့် အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘာသာရေး အဖွဲ့အစည်းများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်း

မြစ်ကြီးနား     မတ် ၄           ကချင်ပြည်နယ်အစိုးရအဖွဲ့က နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် မြောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေ၊ အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ ဘာသာ ရေးအဖွဲ့အစည်းများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်လှူဒါန်းမှုများကို မတ် ၄ ရက် က သွားရောက်လှူဒါန်းပေးအပ်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ ကျင်းပပြုလုပ်သော နိုင်ငံတော်လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသင့်စားသုံးနိုင်သော စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။           ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝူရှူးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဝူးရှူးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     မတ် ၃           ၂၀၂၄ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက်ယှဉ် ပြိုင်နိုင်ရေး လက်ရွေးစင်ကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၂ ရက် မွန်းလွဲ  ၁ နာရီက လက်ရွေးစင်အသင်းအတွက် အောင်နိုင်ရေးအလံ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူး ပြိုင်ပွဲအတွက် အားကစားသမားများအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ ပညာရပ်ပိုင်းဆိုင်ရာ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာအသင့်ဖြင့် အစစအရာရာ အသင့်ဖြစ်နေကြပြီဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲအောင်နိုင်ရေး အတွက်သာမက အားကစားလူချွန်လူကောင်းများဖြစ်သည်ဆိုတာကို ပြသနိုင်သည့် အခွင့်အလမ်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခွင့်အလမ်းကို…

Read More