(၂၃) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀) ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်
မြစ်ကြီးနား စက်တင်ဘာ ၈ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ကချင် ပြည်နယ်အဆင့် ပြိုင်ပွဲကို ပြိုင်ပွဲဝင် (၁၃၀)ကျော်ဖြင့် လာမည့် စက်တင်ဘာ ၁၂ ရက်နေ့မှ (၃)ရက် ကြာကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဗဟိုအဆင့်ပြိုင်ပွဲအတွက် လူရွေးချယ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းအစည်းအဝေးမှ သိရှိရသည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ပြည်နယ်အဆင့်ပြိုင်ပွဲကို လာမည့် စက်တင် ဘာ ၁၂ ရက်နေ့တွင် ပြိုင်ပွဲဝင် ၁၃၀ ဦးကျော်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး မြို့နယ်များမှ…