ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC/ ACHC ကုမ္ပဏီမှ စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲသို့ တက်ရောက်လက်ခံရယူ
မြစ်ကြီးနား စက်တင်ဘာ ၁၆ ကချင်ပြည်နယ်အတွင်းရှိ အသက် (၆၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် SPIC / ACHC ကုမ္ပဏီတို့မှ မြန်မာငွေကျပ် ၂၅၉ သိန်းကျော်တန်ဖိုးရှိ ကုလားပဲ၊ ဆီ၊ ကြာဆံ စသည့် စားနပ်ရိက္ခာများ ထောက်ပံ့ လှူဒါန်းပွဲကို စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လက်ခံရယူခဲ့သည်။ ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယာယီသံအမတ် Ms.Cao Jing (မစ္စချောင်ကျင်း)က မြန်မာ-တရုတ်နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရေရှည်တည်တံ့ စေရေးအတွက် နှစ်ကာလရှည်ကြာစွာပေါင်းစည်းပေးခဲ့ကြသော ကချင်ပြည်နယ်မှ ဘိုးဘွားများအား လှူဒါန်းရခြင်းဖြစ်ကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။…