
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပပြုလုပ်
မြစ်ကြီးနား ဇွန် ၁၂ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန် ၁၁ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ဗိုလ်လုပွဲစဉ်အဖြစ် မြစ်ကြီးနားမြို့နယ် အသင်းနှင့် ဆော့လော်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ ထို့သို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြရာ မြစ်ကြီးနားမြို့နယ်အသင်း က ဆော့လော်မြို့နယ်အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ၄ ဂိုး ၃ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။ ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်က ပြည်နယ် ဘောလုံးအဖွဲ့ဆပ်ကော်မတီအဖွဲ့ဝင်များ၊…