
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိစေရေး မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး
ဗန်းမော် ဇန်နဝါရီ ၂၉ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုရှိ စေရေး၊ တရားဥပဒေစိုးမိုးမှုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မြစ်ကြီးနားနှင့် ဗန်းမော်ခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံမှာကြားခြင်းများကို ဇန်နဝါရီ ၂၉ ရက်တွင် ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နံနက် ၉ နာရီတွင် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်များ၊ မြစ်ကြီးနားခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံပြီး ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံတော်နှင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် ပြည်သူများအေးချမ်း တည်ငြိမ်စွာ နေထိုင်လုပ်ကိုင်သွားလာနိုင်ရေးအတွက် မိမိတို့အနေဖြင့် ထိန်းသိမ်းကာကွယ်စောင့် ရှောက်သွားရမည်ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ထားသောအဖွဲ့အစည်းများနှင့်…