
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား ဇန်နဝါရီ ၁၉ ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင် များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်ထောင်စုနေ့ သည် မိမိတို့ နိုင်ငံအတွက် အရေးကြီးသည့် အခမ်းအနားတစ်ခုဖြစ်သည့်အတွက် မိမိတို့ ပြည်နယ် တွင် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် အခမ်းအနား တွင်လည်း ပြည်နယ်ကိုယ်စားပြု အလှပြယာဉ်များ ပါဝင်ပြသသွားမည်ဖြစ်ရာ အားလုံးက ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်လိုကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအဖွဲ့ဝင်များအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့်…