ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပြီး ထောက်ပံ့ငွေများပေးအပ်
မြစ်ကြီးနား ဇွန် ၉ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီမှ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၉ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။ ပြည်နယ်အတွင်းရှိ ခရိုင်(၄)ခရိုင်မှ အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အမျိုးသမီးဘောလုံး အားကစားသမားများအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီအနေဖြင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစားဆောင်ရွက်နေသကဲ့သို့ အားကစားကဏ္ဍကိုလည်း အားပေးဆောင်ရွက် ခဲ့ပါကြောင်း၊ ပြည်နယ်အတွင်းရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍသာမက အခြားသော အမျိုးသမီး ဘဝမြင့်မားတိုးတက်လာစေရေးအတွက် စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် […]ဆက်လက်ဖတ်ရှူရန်