ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝန်ကြီးချုပ်ဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ပြည်နယ်အဆင့် အခမ်းအနားနှင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၈           ကချင်ပြည်နယ်၏ ဖူဆယ်ဘောလုံးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်ကစား သမားများလေ့ကျင့်မွေးထုတ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၁၈ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည်။           ဖွင့်ပွဲ အခမ်အနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖူဆယ်အားကစားနည်းဖွံ့ဖြိုး တိုးတက်စေရေးအတွက် စဉ်ဆက်မပြတ် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အမှန်တကယ် အရည် အချင်းရှိသည့် ဖူဆယ်အားကစားသမားများကို ဘက်မလိုက်တမ်း ရွေးချယ်သတ်မှတ်ပြီး စခန်းသွင်း လေ့ကျင့်ပေးကြရန် တာဝန်ရှိသူများကို မှာကြားလိုပါကြောင်း၊ ကစားသမားများအနေဖြင့်လည်း မိမိတို့ကလပ်၊ မြို့နယ်အဆင့်လောက်ဖြင့် ကိုယ်စားပြုကစားနေရုံနှင့် ကျေနပ်မနေကြဘဲ ပြည်နယ် လက်ရွေးစင်အဖြစ် ဂုဏ်ယူဝံ့ကြွားစွာ ပေးဆပ်ကစားကြရန် လိုကြောင်း၊ မိမိတို့အနေဖြင့် ပြည်နယ် အတွင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု များ ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား            သြဂုတ် ၁၇           “ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက် အနာဂတ်အတွက်” ဆောင်ပုဒ်ဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ ပြည်နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သြဂုတ် ၁၇ ရက် နံနက် ၈ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းဝင်းအတွင်း ကျောင်းသားလူငယ်များ၏ ကိုယ်လက် လှုပ်ရှားမှု တိုးတက်လာစေရေး ကိုယ်ကာယလေ့ကျင့်ခန်းများ လေ့ကျင့်နေမှုများကို အားပေးကြည့်ရှု ခဲ့ကြပြီး ကျောင်းသားများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။           ထို့နောက် အေးမြသီတာခန်းမ၌ ပြည်နယ်အဆင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲနှင့် နေရပ်ပြန်ကြမည့် ရခိုင်တိုင်းရင်းသားများအား ထောက်ပံ့ငွေများပေးအပ်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၆           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏  ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို သြဂုတ် ၁၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့နယ် မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ ကချင်ပြည်နယ်၌ ပထမဆုံး ဖွင့်လှစ်တည်ဆောက်သွားမည့် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း မြေနေရာသွားအဝင်လမ်း ဘေးဝဲ/ယာတွင် ကျင်းပပြု လုပ်သည်။ အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်းများ၊ Kachin State Clean & Green Team အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများ က အားကစားနှင့်ကာယပညာသိပ္ပံကျောင်းအဝင်လမ်း အရှည် ၁ မိုင် ၁ ဖာလုံလမ်းတစ်လျှောက် လမ်းဘေး ဝဲ/…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၁၅           ကချင်ပြည်နယ် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် ပါမောက္ခချုပ်ဖလား မိုးရာသီအားကစားပြိုင်ပွဲများ ဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ် ၁၄ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးသည် တက္ကသိုလ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည့် ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများနှင့်အတူ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ် ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးက နောင်လာမည့် ပညာသင်နှစ်များတွင်လည်း ယခုလို အားကစားပြိုင်ပွဲများကို အစဉ်အလာမပြတ် ကျင်းပပြုလုပ်ပေးခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဘာသာရပ်အသီးသီးတွင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်းရှိ အင်ဂျန်းခချောင်း (ပင်မမြောင်း)အတွင်း ငါးသားပေါက်ကောင်ရေ (၂) သိန်း စိုက်ထည့်ပေး၊ ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတို့တွင် တာဝန်ထမ်းဆောင် နေသော ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     သြဂုတ် ၁၅           ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေး၊ ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေရေး နှင့် မိုးစပါးစိုက်တောင်သူများ အကျိုးဖြစ်ထွန်းစေရေး ရည်ရွယ်၍ မြစ်ကြီးနားမြို့ ဗလမင်းထင် ဧက ၁၀၀ စံပြစိုက်ကွက်အတွင်း ပြည်နယ်ရန်ပုံငွေဖြင့် အရှည်ပေ ၁၀၀၀၀ ကျော် တူးဖော်ဆောင်ရွက်ပေး ခဲ့သော အင်ဂျန်းခချောင်း(ပင်မမြောင်း)အတွင်း ငါးသားပေါက်များ စိုက်ထည့်ခြင်းနှင့် လုပ်ကွက်ငယ် ငါးမွေးတောင်သူများထံ ငါးသားပေါက်များနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို သြဂုတ် ၁၅ ရက် နံနက် ၈ နာရီက အဆိုပါစံပြစိုက်ကွက်၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး နှင့် တာဝန်ရှိသူများ၊ လုပ်ကွက်ငယ်ငါးမွေးတောင်သူများအား၊ ဧက ၁၀၀ စံပြစိုက်ကွက်မှ ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီးပင်မမြောင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်ပေးရခြင်း…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်များအား ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     သြဂုတ် ၁၄           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး အတွက် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက်များထပ်ဆင့်ရှင်းလင်းခြင်း နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၁၄ ရက် နံနက် ၁၀ နာရီ က ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။             ရှေးဦးစွာ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားချက် များကို ပြည်နယ်ဝန်ကြီးချုပ်က ဦးခက်ထိန်နန်က ထပ်ဆင့်ရှင်းလင်းရာတွင် ပညာရည်မြင့်မားတိုး တက်စေရေး ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကျောင်းများအားလုံး၌ ကျောင်းသား/ ကျောင်းသူများ လုံခြုံအေးချမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးအပြင် ဗလငါးတန်နှင့် ပြည့်စုံသော ပညာတတ်လူငယ်များဖြစ်လာစေရေးအတွက် ကြိုးစားဆောင်ရွက်သွားရေး၊ စားရေ ရိက္ခာပေါများ ကြွယ်ဝရေးအတွက် တစ်သီးစားတင်မက…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာ ရောစပ်ကြဲပက်ခြင်း ‌တောင်သူ အသိပညာပေးကွင်းသရုပ်ပြပွဲနှင့် ရာဘာမိုးကာအုပ်အစေးခြစ်ခြင်း ကွင်းသရုပ်ပြပွဲများသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၁၄           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဗလမင်းထင် ဧက ၁၀၀ တင်း ၁၀၀ စံပြစိုက်ကွက်အတွင်း ဆင်းဧကရီ-၃ အထွက်တိုး မျိုးစပါးများ စိုက်ပျိုးပြီးစီးပြီဖြစ်ရာ စပါးပင်များ ရှင်သန်ဖြစ်ထွန်းစေရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးပွားရေးအတွက် သြဂုတ် ၁၄ ရက် နံနက် ၈ နာရီ က ဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေးကွင်းသရုပ် ပြပွဲကို ကျင်းပပြုလုပ်သည်။           အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ဓာတ်မြေသြဇာ အမျိုးအစားများနှင့် အသုံးပြုရမည့် နည်းလမ်း များ၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာ အချိုးကျရောစပ်ကြဲပက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာအဖွဲ့အစည်းများ နှင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်၊ မြစ်ကြီးနားတက္ကသိုလ် နှစ်(၆၀)ပြည့်နှစ် တတိယအကြိမ် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ကျောင်းသားဟောင်းများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၂           ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ ရွာများ သန့်ရှင်းသာယာ လှပရေးအတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၂ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းနှင့် မနောကွင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲရုံးဝင်း၌ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း/ အမှုထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့်အတူ ရုံးပင်မဆောင်ပတ်ဝန်းကျင်နှင့် ရုံးဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်း ခြင်း၊ အမှိုက်များကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ဝန်ထမ်းများအား နံနက်စာအဖြစ် ကောက်ညှင်းပေါင်းနှင့် လက်ဘက်ရည်ဘူးများ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၁၁           ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင် ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေးအတွက် စိုက်ပျိုးရေ အပါအဝင် သွင်းအားစုများကို  ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ မိုးစပါးစိုက်ဧကများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူဝါဇော်ရစ်လမ်းမ ဘေးနှင့် ကျောက်စိမ်းလမ်းမဘေးရှိ စီတာပူရပ်ကွက်အတွင်းနှင့် တပ်ကုန်းကွင်းအတွင်းရှိ လယ်ဧက ၁၅၀ တွင် ဆင်းဧကရီ -၃ မိုးစပါးများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပလပ်မြေဧရိယာဖြစ်ပေါ် နေသည့် လယ်မြေများ စိုက်ပျိုးချိန်အတွင်း စိုက်ပျိုးနိုင်ရေးနှင့် လယ်မြေများတွင်…

Read More

မြစ်ကြီးနားမြို့၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို မြစ်ကြီးနားတက္ကသိုလ်တွင် ဒုတိယအကြိမ်နှင့် ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)တွင် ပထမအကြိမ်ကျင်းပပြုလုပ်

မြစ်ကြီးနား     သြဂုတ် ၁၀           ကချင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်ကြီးနားတက္ကသိုလ်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသော ဒုတိယအကြိမ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို သြဂုတ် ၁၀ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ခန်းမ၌ ကျင်းပရာ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက်အမှာစကားပြောကြားသည်။           ထိုသို့ အမှာစကားပြောကြားရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီးက ယခုကဲ့သို့ စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပပေးခြင်း၊ ပါဝင်ဆွေးနွေးကြခြင်းအားဖြင့် အနာဂတ်တွင် နိုင်ငံတာဝန်ကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ခေါင်းဆောင်ကြမည့် လူငယ်/ လူရွယ်များအနေဖြင့် အပြန်အလှန် ဆွေးနွေးတတ်ခြင်း၊ စာပေဗဟုသုတများ ဖတ်ရှုလေ့လာခြင်းအားဖြင့် အသိအမြင်များ ကျယ်ပြန့်ပြီး ဆွေးနွေးပြောဆိုတတ်သည့် အလေ့အထ၊ အတွေးအခေါ်ကောင်းများ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင် စွမ်းများနှင့် ပြည်စုံလာမည်…

Read More