မြစ်ကြီးနားမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ခေတ်မီစံပြကျေးရွာဖော်ဆောင်၍ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေး သက်မွေးပညာသင်တန်းများ ဖွင့်လှစ်

မြစ်ကြီးနား     သြဂုတ် ၇           ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျေးရွာတစ်ရွာ ထုတ် ကုန်တစ်ခု ဖော်ဆောင်ပေးခြင်းအားဖြင့် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာ စေရေးနှင့် ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားလာစေရေးအတွက် စီမံကိန်းလုပ်ငန်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၇ ရက် နံနက် ၉ နာရီက ကျေးရွာနေပြည်သူများအတွက် သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိ ရသည်။           အဆိုပါ စီမံကိန်းလုပ်ငန်းများဖြင့် ဖွင့်လှစ်ပေးသွားမည့် အခြေခံနှင့် မွမ်းမံ စက်ချုပ်သင်တန်း၊ လက်ရက်ကန်းဖဲနှတ်ကောက်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ တက်ရောက်ပြီး ယခုလို လုပ်ငန်းစီမံကိန်းများဖြင့် အသေးစား ကုန်ထုတ် လုပ်မှုသင်တန်းများ၊ နည်းပညာသင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် အသေးစားကုန်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ နောင်စပ်အင်းနှင့် တာလောကြီးအင်း အတွင်း ငါးမျိုးစိုက်ထည့်မွေးမြူရန် ငါးသားပေါက်ကောင်ရေ (၂)သိန်းနှင့် ငါးအစာအိတ်များ ထောက်ပံ့ပေးအပ်ပြီး နောင်စပ်အင်းအတွင်း ငါးသားပေါက်များ စိုက်ထည့်မွေးမြူပေး၊ မြို့နယ် အတွင်း နွားမွေးမြူရေး လုပ်ငန်းနှင့် မိုးစပါးစိုက်ပျိုးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၅           ကချင်ပြည်နယ်အတွင်း ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးထုတ်လုပ်မှု တိုးတက်မြှင့်မားလာစေ ရေးအတွက် မြစ်ကြီးနားမြို့နယ်အတွင်း နောင်စပ်အင်းနှင့် တာလောကြီးအင်းအတွင်း ငါးမျိုးစိုက် ထည့်မွေးမြူရန် ငါးသားပေါက်နှင့် ငါးအစာအိတ်များ ပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၅ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ် သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် မိုးစပါးအပြင် သီးထပ်များဖြင့် စွမ်းအားပြည့်စိုက်ပျိုး လာနိုင်ရေးသွင်းအားစုများ ကြိုးပမ်းထောက်ပံ့ပေးအပ်လျက်ရှိသည့်အပြင် သား/ငါးထုတ်လုပ်မှုကဏ္ဍ တွင်လည်း ပြည်နယ် တွင်းဖူလုံစေရေးသာမက နိုင်ငံအတွက်ပါ ဖူလုံစေရေးအတွက် ရည်မှန်းချက် ထား၍လိုအပ်သည့်သွင်းအားစုများကို ထောက်ပံ့နိုင်ရေး စီမံဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ ယနေ့အခမ်းအနားတွင် နောင်စပ်အင်းနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအလိုက် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်း ဆောင်ရည်ဆုရရှိခဲ့သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုများ ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။           ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ကဏ္ဍများစွာကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ များအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ ကြောင့် ယခုကဲ့သို့ ဆုတံဆိပ်များကို…

Read More

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း (၂၈)သင်းရှိ မိုးစပါးစိုက် တောင်သူ (၁၁၆၉)ဦးတို့တွက်  တစ်ဧကအထွက်နှုန်းတိုးရေး ငွေကျပ် ၁၁၉၂ သန်းတန်ဖိုးရှိ သွင်းအားစုများနှင့် စံပြကျေးရွာများသို့ လယ်ယာသုံးစက်ကိရိယာများပေးအပ်

မြစ်ကြီးနား     သြဂုတ် ၄           ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် မိုးစပါး တစ်ဧကအထွက်နှုန်းတိုးပွားရေး အတွက် မြို့နယ်ပေါင်း (၆)မြို့နယ်မှ သမဝါယမအသင်းပေါင်း (၂၈)သင်းရှိ အသင်းသားမိုးစပါးစိုက် တောင်သူ (၁၁၆၉)ဦးတို့အတွက် ငွေကျပ် ၁၁၉၂ သန်းတန်ဖိုးရှိ သွင်းအားစုများပေးအပ်ခြင်းနှင့် စံပြ ကျေးရွာများသို့ လယ်ယာသုံးစက်ကိရိယာများပေးအပ်ခြင်း အခမ်းအနားကို သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့် အမျိုးသားရေး ရည်မှန်းးချက် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မိမိတို့အနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ၌ သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးနှင့် စွမ်းအားပြည့်စိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ စိုက်ပျိုးမြေအားလုံးတွင် သီးထပ်စွမ်းအားပြည့်…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး

မြစ်ကြီးနား     သြဂုတ် ၃           နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲ များ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက အဆိုပါ တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။           အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်က ယခုပညာသင်နှစ်တွင် ကြက်တောင်နှင့် ပိုက်ကျော်ခြင်းအားကစားနည်း (၂) မျိုး ထပ်တိုးပါဝင်လာသောကြောင့် ကျောင်းသား/ကျောင်းသူများသည် အားကစားတွင်စိတ်ဝင်တစား ရှိလာကြသည်ကို ဝမ်းမြောက်စွာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခုပြိုင်ပွဲများတွင် အားကစားသမား ကောင်းတစ်ယောက်တွင် ရှိရမည့် ဇွဲ၊ စိတ်ဓာတ်ကို အရင်းခံ၍ မိမိတို့၏ မူလပန်းတိုင်ဖြစ်သည့် အင်ဂျင်နီယာကောင်းများဖြစ်လာရန် လိုအပ်သကဲ့သို့ ဘက်စုံထူးချွန်ပြီး နိုင်ငံတော်က…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုစွမ်းအား တိုးချဲ့မြှင့်တင် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ စီမံချက်ရေးဆွဲထားရှိရေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ် လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်ထောင်စုဘဏ္ဍာ/ ပြည် နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လည်းကောင်း တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။           အဆိုပါညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး နှင့် MSME ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သမဝါယမလုပ်ငန်းများတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်၏ ဝမ်းစာဖူလုံမှု အပေါ် စိစစ်တွက်ချက်ပြီး ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီ အစဉ်များ၊ အထွက်နှုန်းတိုးပွားလာရေးနှင့် ထုတ်လုပ်နိုင်မှုအပေါ် ထုတ်လုပ်ရောင်းချနိုင်မှုများကို စနစ် တကျ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၃           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ် လုပ်မှုလုပ်ငန်းများတိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။           ထို့သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စက်မှုရပ်ကွက် ဗလမင်းထင်စံပြစိုက်ကွက် ဧက ၁၀၀ တင်း ၁၀၀ စိုက်ကွင်း အတွင်း မန်ခိန်ကွင်းနှင့် တပ်ကုန်းကွင်းတို့တွင် အထွက်တိုး ဆင်းဧကရီ-၃ မိုးစပါး စိုက်ပျိုးနေမှုအခြေ အနေများ၊ စိုက်ပျိုးပြီးစီးသည့် လယ်ဧကများအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါ စံပြစိုက်ကွက်အတွင်း မိုးစပါးအပြင် သီးထပ်သီးညှပ်များစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေ လုံလောက်ဖူလုံမှုရှိစေရေး…

Read More

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပြည်နယ်အတွင်း သားငါးဈေးနှုန်းတည်ငြိမ်ရေး မြစ်ကြီးနားဈေးကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား သြဂုတ် ၁ မြစ်ကြီးနားမြို့ စည်ပင်သာယာဈေးများ ဖွံ့ဖြိုးတိုးတက်ရေး၊ သား/ ငါးဈေးနှုန်းနှင့် အခြေခံ စားသောက်ကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ဇူလိုင် ၃၁ ရက် ညနေပိုင်းက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။           ထို့သို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးက ဈေးများဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာမှုရှိစေ ရေးနှင့် အများပြည်သူဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကုန်ဈေးနှုန်းမြှင့်တက်လာမှုအပေါ် တည်ငြိမ်စေရေး မိမိတို့အနေဖြင့် ဝိုင်းဝန်းသုံးသပ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် သားငါး ဈေးနှုန်းတည်ငြိမ်ရေးအတွက် ပြည်နယ်အတွင်း တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းတိုးမြှင့်ဆောင် ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေများကို ထုတ်ချေးဆောင်ရွက်လျက်ရှိ ပါကြောင်း၊ သို့ဖြစ်ပါ၍ ဈေးများသန့်ရှင်းသာယာလှပရေးနှင့် အဆင့်မြှင်တင်နိုင်ရေးအတွက် လိုအပ် သည်များကို ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။          …

Read More

ဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့)၌ မြစ်ကြီးနားမြို့ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိ

မြစ်ကြီးနား     သြဂုတ် ၁           မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင် တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ သြဂုတ် ၁ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။           ထို့သို့ စည်ကားလျက်ရှိရာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းသမိုင်းဝင် လောကမာန်အောင်ဆုတောင်းပြည့်စေတီတော်တွင် ကုသိုလ်ကောင်းမှုပြုသူ များ၊ လာရောက် လည်ပတ်လေ့လာသူများ၊ ဈေးဆိုင်ခန်းငယ်များဖြင့် အထူးစည်ကားလျက်ရှိသည့် အပြင် ရပ်တော်မူဘုရားနှင့် လျောင်းတော်မူဘုရားတို့တွင်လည်း ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိပြီး ဧရာဝတီမြစ်ဆိပ်တွင်လည်း ဇီဝိတဒါနအဖြစ် ငါးလွှတ်ကုသိုလ်ပြုသူတို့ဖြင့် စည်ကားလျက်ရှိသည်။           ထို့အပြင် မြစ်ကြီးနားမြို့ရှိ အောင်ဇေရန်အောင်ဘုရား၊ အံတော်ရှင်စေတီတော်စသည့် ဘုရား စေတီပုထိုးများအပြင် ဘုန်းတော်ကြီးကျောင်းများတွင်လည်း ကုသိုလ်ကောင်းမှုပြုသူ များပြားလျက်ရှိ ကြောင်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲနှင့် ဆက်သွယ်ထား သောနယ်စပ်ကုန်သွယ်ရေးလမ်းမတစ်ခုဖြစ်သည့် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၃၁           ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်မြို့နှင့် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင်နှင့် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် မိုးမောက် – လွယ်ဂျယ်လမ်းပိုင်း (၄၇)မိုင် (၇)ဖာလုံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် သည် အိမ်နီးချင်းဆွေမျိုးပေါက်ဖော် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ပြည်နယ်အတွင်းမှ ဒေသထွက်ကုန်များကို တင်ပို့ရာတွင် လည်းကောင်း၊ ကုန်ပစ္စည်းများ တင်သွင်းရာတွင်လည်းကောင်း၊ ကံပိုင်တည်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် ဖြတ်သန်းရ ခြင်းဖြစ်သည့်အတွက် အဆိုပါလမ်းများသည် ပြည်နယ်အတွက်အရေးကြီးသည့်…

Read More